
အားလုံးသိကြတဲ့အတိုင်း
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က Valentine နေ့ ဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ကြိမ်
ဗယ်လင်တိုင်းနေ့မှာ ချစ်သူဆီက နှင်းဆီပန်း တစ်ဒါဇင် ဒါမှမဟုတ်
မိမိနှစ်သက်တဲ့ ပန်းတစ်စည်းကို လက်ခံရတာက အလွန်ပဲနှစ်သက်ပျော်ရ
ွှင်ဖွယ်
romantic ဖြစ်ပါတယ်။ ဒါကြောင့် ဗယ်လင်တိုင်းနေ့အမီ
အင်္ဂလန်နိုင်ငံရဲ့ပန်းဈေးကွက်မှာ လိုအပ်မယ့် ပန်းအရေအတွက် ၃၂ သန်း
(စတာလင်ပေါင် ၁၇ သန်း) ကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်သာလန်နိုင်ငံမှ
FloraHolland ပန်းလက်ကားကုမ္ပဏီ က ၀န်ထမ်းပေါင်း ၄၀၀၀ နဲ့ နေ့ညမအား
အလုပ်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။ FloraHolland ကုမ္ပဏီရဲ့
ဧရာမပန်းသိုလှောင်ရုံကြီးက စတုရန်းမီတာ ၂.၆ သန်းလောက် ကျယ်ပြီး
ဘောလုံးကွင်း ၄၀၀ နဲ့ ညီမျှပါတယ်။ နှစ်စဉ်နှစ်တိုင်း တကမ္ဘာလုံးကို
ပန်းပေါင်း ၁၂.၅ ဘီလီယံ တင်ပို့ပြီး ပန်းအမျိုးအစားပေါင်း ၂ သောင်းခန့်
ရှိပါတယ်။ ဗယ်လင်တိုင်းနေ့ကတော့ အလုပ်အများဆုံးအချိန် ဖြစ်ပါတယ်။
ရုပ်ရှင်ရုံလိုကြီးမားတဲ့ ပန်းလေလံဆွဲတဲ့ခန်းမလည်း ရှိပြီး ၀ယ်လက်တွေက
ကွန်ပြူတာတွေနဲ့ ပိတ်ကားပြင်ပေါ်မှာ ပြသထားတဲ့ ပန်းတွေနဲ့
ဈေးနှုန်းတွေကိုကြည့်ရင်း လေလံဆွဲလို့လည်း ရနိုင်ကြောင်း သိရပါတယ်။ (Ref;
Daily Mail online, Feb 11, 2013, Tulips (and roses) from
Amsterdam)Myanmar1
No comments:
Post a Comment