လျှပ်စစ်မီတာသုံးစွဲခတွေကို
လာမယ့်နိုဝင်ဘာလကစပြီး နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပေမယ့်
နိုင်ငံတော်အနေနဲ့ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တွေလျော့နည်းခဲ့ရင် ဓါတ်အားသုံးစွဲခတွေကို ပြန်လည်လျှော့
ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားလိုက်ပါတယ်။
“ဓါတ်အားတွေထုတ်လုပ်လို့ ကုန်ကျစရိတ်တွေများရင် ဒီလိုပဲတက်မယ်၊ ဒါပေမယ့် ဒီတက်တာသည် နောက်ထပ်ထပ်တက်ဖို့တော့ အလား
အလာမရှိတော့ဘူး၊ ကျနော်တို့နိုင်ငံက ဂက်စ်တာဘိုင်တွေ ထွက်လာမယ်၊
ရေအားတွေ ထွက်လာမယ်ဆိုလို့ရှိရင် ဓါတ်အားခတွေ ပြန်လည်လျော့
သွားမှာဖြစ်ပါတယ်”
အိမ်သုံးမီတာသုံးစွဲမှု ယူနစ်တစ်ရာအထက်ကို ၃၅ကျပ်ကနေ ၅၀ကျပ်အထိ၊ လုပ်ငန်းသုံးမီတာသုံးစွဲမှု ယူနစ်ငါးထောင်အောက်ကို ၇၅ကျပ်ကနေ တစ်ရာအထိ ၊ ယူနစ်ငါးထောင်အထက်ကို ကျပ်၁၅၀ အထိ ပြောင်း
လဲကောက်ခံမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဝေရေး
အဖွဲ့က အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံမှာဟာ ဓါတ်အားထုတ်လုပ်
မှုကုန်ကျစရိတ်နဲ့ ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်တွေကာမိအောင်ဖြစ်
တယ်လို့ ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းရှင်တွေကတော့ ခုလိုဈေးနှုန်းမြှင့်လိုက်ပေမယ့် မီးမလာတာတွေ မကြာခဏဖြစ်နေမယ်ဆိုရင် ကုန်ထုတ်လုပ်မှုက အရင်လိုပဲ ကျဆင်းနေ
ဦးမှာဖြစ်တယ်လို့ ပြောကြပါတယ်။
RFA Burmese

No comments:
Post a Comment