ဧဒင်အချစ်ပုံပြင်: မိဘခြေရာနင်းဖို့ မင်းသန့်မောင်မောင် ခြေလှမ်းစပြီလား

Friday 25 July 2014

မိဘခြေရာနင်းဖို့ မင်းသန့်မောင်မောင် ခြေလှမ်းစပြီလား


အကယ်ဒမီ မေသန်းနုနဲ့ အကယ်ဒမီ စင်ရော်မောင်မောင်တို့ရဲ့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်ဟာ သူ့ရဲ့ အနုပညာပထမဆုံး ခြေလှမ်းအဖြစ် ကန်တော်ကြီးမှာ ကြော်ငြာတစ်ခုကို စတင်ရိုက်ကူးခဲ့ပါတယ်။ မင်းသန့်မောင်မောင် မိဘတွေရဲ့ ခြေရာတွေကို နင်းပြီလား။
အသက် ၁၇နှစ်ပြည့်ပြီဖြစ်လို့ အနုပညာနယ်မှာ ခြေချမယ်ဆိုတဲ့အတိုင်း ရုပ်သံကြော်ငြာတွေကို စရိုက်တာဖြစ်ပြီး ရုပ်ရှင်နဲ့ ဒါရုက်တာပညာကို နိုင်ငံခြားမှာ သင်ယူခိုင်းပြီး ပြန်လာတဲ့အခါ ရုပ်ရှင်ဒါရိုက်တာလုပ်ခိုင်းမယ်လို့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင်က ပြောပါတယ်။
အကယ်ဒမီများရှင် မိဘနှစ်ပါးလိုပဲ ထူးချွန်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တစ်ယောက်ဖြစ်စေချင်ပြီး ကမ္ဘာ့အဆင့်ကို ထိုးဖောက်နိုင်သူဖြစ်ဖို့ သူ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
မင်းသန့်မောင်မောင်ဟာ ဇူလိုင် ၂၃ရက်နေ့က Birthday Tea ကြော်ငြာကို သရုပ်ဆောင်ဟန်သီနဲ့ အမျိုးသားဇတ်ရုံမှာ ရိုက်ကူးခဲ့ပြီး ဒုတိယမြောက်နေ့မှာတော့ ကန်တော်ကြီးထဲမှာ ရိုက်ကူးခဲ့ပါတယ်။
ငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ အနုပညာအလုပ်တွေ လုပ်ဖူးပေမယ့် ကျောင်းတက်နေရလို့ အခုမှပဲ အနုပညာကို စတင်လုပ်ကိုင်ရသလိုဖြစ်ပြီး အဖေနဲ့အမေနှစ်ယောက်စလုံးက သရုပ်ဆောင်နဲ့ ဒါရိုက်တာ ပညာကိုသင်ပေးနေတယ်လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။
သူ့ကို ပရိသတ်အနေနဲ့ အားပေးကြဖို့နဲ့ သူ့အနေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သက်ဆုံးတိုင်လုပ်သွားမယ်လို့ ဆိုပါတယ်။
by- kamayutmedia.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...