ဧဒင်အချစ်ပုံပြင်: ဆောင်ပါး/ကဗျာ
Showing posts with label ဆောင်ပါး/ကဗျာ. Show all posts
Showing posts with label ဆောင်ပါး/ကဗျာ. Show all posts

Sunday, 6 April 2014

"မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့ '' ဒီဆောင်းပါးက သင့်အတွက်အထောက်အကူပြုစေပါတယ်'

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲ
မှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို
 အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက
အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက်
တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊

ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက်

Tuesday, 25 February 2014

အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက်

Photo: အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက်

တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန့် လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေကအလွန်များနေတာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်၊

ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်) အသည်းမှာဒေါ်လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာတသိန်း မှ လေးငါးသိန်း ကျော်အထိ ဈေးပေါက်ပါတယ်။
နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေးတယ်။

ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့  ခုလိုဈေးတွေတက်သွားခဲ့တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်းတွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ

.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ ပေမဲ့...လူသား မှောင်ခိုလောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူကလီစာကုန်ကြမ်းတွေကို ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ သားကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေ လူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ် ပြီးရင်တချို့ ကိုဆေးထိုးသတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊

တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့  လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်းတွေကို ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက် ထုတ်ရောင်းကြတာလည်းရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့ မိန်းခလေးငယ် တွေကို လက်ထပ်ဘို့ စည်းရုံးခေါ်သွားပြီး နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့  နေမကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမသိနဲ့  ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ပါ

ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့ ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်

ှSource.. (NSA)
တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့

Friday, 14 February 2014

ချစ်သူက ဖြတ်သွားခံရသူများဖတ်ရန်


အချစ်ဆူးတွေစူးမိပြီး အရူးအမူးချစ်မိခဲ့တဲ့နောက်ပိုင်းမှာ သစ်စိမ်းချိုးချိုးသလို ခံလိုက်ရတဲ့အခါ အသည်းကွဲတဲ့စိတ်ဒဏ်ရာနဲ့  ရူးမိုက်ပြီးဆက်ချစ်နေမှာလား။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်ချင်ရာတွေ လျှောက်လုပ်တော့မှာလား။ ကြံရာမရတော့ပဲ စိတ်ထင်ရာမဆိုင်းပါနဲ့ဦး။ ဒါလေးတွေကိုဖတ်ကြည့်ပါ။

Thursday, 13 February 2014

ရထားကြိတ်ခံပြီး သေခဲ့ရတဲ့ ဗိုက်ကြီးသည် သရဲမ(ကြောက်တတ်သူများ မဖတ်ရ)


ဖြစ်ပုံက ဒီလိုရယ်ပါ။
ကျွန်တော်ငယ်ငယ်တုန်းက အဲဒီအလည်လာတဲ့ အကိုတို့ ရှိတဲ့ နယ်မြို့ လေးကို အလည်သွားဖူးတယ်။ ရှမ်းတွေပါ သူတို့ က။ ပြီးတော့ 

နေရာလေးကလည်း အရမ်းခေါင်တယ်။ ရထားလမ်းပဲ ကောင်းကောင်းပေါက်တာ။ အဲဒီမြို့ ကို သွားမယ်ဆိုရင်လေ။ ကားလမ်းမပေါက်ဝူး။

မြို့ ရဲ့ အလည်ခေါင်မှာ ဘူတာရုံရှိတယ်။ ရထားလမ်းက အဲဒီမြို့ အလယ်မှာပေါ့နော်။ ပြီးတော့ ရထားလမ်းစစဖေါက်တုန်းကဆို အဲဒီမြို့ က

Saturday, 14 December 2013

ဆရာတော်များ ပရိတ်ရွတ်ရသည် အထိ ဆိုးဝါးစွာလူသေဆုံးမှုများခဲ့သော လမ်းတစ်လမ်းပေါ်က ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်


အချိန်ကတော့ နှစ်ထောင် ပြည့်လွန်ပိုင်းပေါ့..။ မနက်မနက်ဆို မြူခိုးလေးတွေ ဝေ့သီနေတတ်တဲ့ တောင်ပေါ်မြို့ကလေးမှာ အေးချမ်းမှုအပြင် တိတ်ဆိတ်ခြင်းတစ်မျိုးက မင်းမူလို့နေတယ်..။ တိတ်ဆိတ်နေသူတွေထဲမှာ စိုင်းစိုင်းတို့ အုပ်စုလဲ အပါအဝင်ပေါ့...။ သူတို့အချစ်ဆုံး သူငယ်ချင်းရဲ့အိမ်မှာ ခါတိုင်းလို ရယ်မောပျော်ရွှင်မနေနိုင်တော့ဘူးလေ...။

တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း မျက်ရည်တွေ ဝေ့သီနေကြတယ်..။ အိမ်တံခါးမကြီး ပွင့်လာတော့ အားလုံးပဲ

Thursday, 14 November 2013

ကျွန်မသာ ညဥ့်ငှက်တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား(၀မ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်)




ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။အဖေက “သွား... သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး
ငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။ ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး
ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။ ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ
ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ၀မ်းစာအတွက် ကျွန်မ ညဥ့်ငှက်တစ်ကောင်
ဖြစ်ခဲ့တယ်။ လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင်
ကျွန်မ လုပ်ခဲ့မိတယ်။

Gay ဇာတ်သွင်းပြီး စော်ကားခဲ့သူ လူယုတ်မာတစ်ဦးကြောင့် ဘ၀ပျက်ခဲ့ရသော လူငယ်လေးတစ်ယောက်၏ ခံစားချက် (Only Men)


လူ့ဘ၀မှာလည်း
အမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။ လာပြန်ပြီ တစ်ယောက်…။
ဝင်ခွင့်ပြုပါ
ဆရာ...
အော်…
ဟုတ်ကဲ့ ၀င်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။ ဆေးခန်းထဲ ၀င်လာသူမှာ
အသက် ၂၀ ၀န်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး

Thursday, 31 October 2013

သင်္ချိုင်း ဆိုသည်မှာ

“ကိုအေး၊ ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွံဘူးလား”

“ဘာရွံမလဲကွ၊ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ၊ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ။ ဘာရွံစရာရှိလဲ။
သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ၊ လူတွေ သမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ။ငါဆို ဒီသင်္ချိုင်းကထွက်တဲ့မျှစ်တွေ စားလာတာ ကြာပြီ။

ကြည့်စမ်း၊ ငါးသားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလား။ဥာဏ်ရည်ဆိုတာလည်း ငါးသားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။
Related Posts Plugin for WordPress, Blogger...