မိတ်ဆွေ...
သင့် အလုပ်ကခေါင်းကိုက်ရလောက်တဲ့ အလုပ်ဆိုယင်တော့ တရုတ်နိုင်ငံမှ စွန့် စားပြသသူ လီရှင်းပြော
ဖို့ လည်းနည်းနည်းချန်ထားပေးလိုက်ပါဦး...
အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသားဟာသံချောင်းတစ်ခုပေါ်မှာအားပြုပြီးဦးခေါင်းပေါ်တွင် တစ်ကိုယ်လုံး
အလေးချိန်ထိန်းကာ ဦးစိုက်ပြောင်းပြန် ကင်းမြီးကောက်ထောင်ခြင်းကို နေ့ ရက်ပေါင်းများစွာ ဟန်ချက်ညီ
အောင်လေ့ ကျင့် ခဲ့ တာဖြစ်ပါတယ်...
၁၄၇ ပေါင်ရှိတဲ့ သူ့ ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးဟာ အဆိုပါသံချောင်းတစ်ခုတည်းပေါ်မှာသာ ကျရောက်
နေတာမို့ သူ့ ရဲ့ ဦးခေါင်းပေါ်မှာ အပြင်းထန်ဆုံးဖိအား ( အလေးချိန် ) သက်ရောက်နေတာဖြစ်ပါတယ်...
ထိန်းထားကာ ကင်းမြီးကောက်ထောင်နိုင်တယ်ဆိုတာ တစ်ကယ့် ပညာပါပဲ...
Hitting
the nail on the head: Li Xin balances upside down on a spike at a stunt
event in China. The full weight of his 10st7lbs body bears down on the
spike, putting intense pressure on his skull
သူဟာ သာမန်လူတစ်ဦး ရိုးရိုးအုန်းပင်စိုက်ကင်းမြီးကောက်ထောင်တယ်လို့ ဆိုကြသည့် ဦးခေါင်းပေါ်တွင်
အားပြုကာ ကင်းမြီးကောက်ထောင်ခြင်းထက်ပိုမိုခက်ခဲသည့် အနေအထားမျိုးဖြင့် ခြေထောက်များမိုးပေါ်
ထောင်ကာ ၁၀ စက္ကန့် ကျော်မျှကြာအောင် နေနိုင်ပါတယ်...
ဤမျှလောက် အလေးချိန်ကြီးဖြင့် သံချောင်းပေါ်တွင် ဦးခေါင်းတင်ကာ ကင်းမြီးကောက်ထောင်ခဲ့ သော်
လည်း သူ့ ဦးခေါင်းတွင် ချိုင့် ရာငယ်ကလေးမျှသာဖြစ်ခဲ့ ပါတယ်...
သူရဲ့ စွမ်းရည်ပြကွက်ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့ တွင် တင်ဆက်ပြသနေခိုက် ဓါတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါ
တယ်....
ဤကဲ့ သို့ အနေအထားမျိုးဖြင့် ၁၀ စက္ကန့် ကျော်ကြာအောင်နေနိုင်တာကိုက အံ့ မခန်းပါပဲ...
သာမာန်လူတွေကတော့ ရိုးရိုးအုန်းပင်စိုက်ကင်းမြီးကောက်ထောင်တာတောင်အဲဒီအချိန်လောက်
ပဲနေနိုင်ကြတာပါ...
No comments:
Post a Comment