




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် သည် အသက် ၆၉ နှစ် အရွယ်တွင် မြို့ တော် ပြုံးယမ် ရှိ သမ္မတ နန်းတော် မှ ရထားဖြင့် ခရီးသွား နေစဉ် အသက် ၆၉ နှစ် အရွယ် ဉ် နှလုံး ရော ဂါ ကြောင့် ကွယ် လွန် ခဲ့ သည် ဟုမြေက် ကို ရီးယား အစိုးရ အာဘော် KCNA သတင်းဌာန က ကြေငြာ ခဲ့ သည်။ ကြီးမြတ် တော် မူလှ သည့် ကျွနပ် တို့  ၏ ချစ်လှစွာ သော ခေါင်းဆောင် ကြီးသည် အသက် ၆၉ နှစ် အရွယ် တွင် သူ ၏ ချစ်လှ စွာသော ပြည်သူများ ကို စိတ်နှလုံးငြိမ်းချမ်း စေပြီး နောက် ကွယ် လွန် သွား သည် ဟု KCNA သတင်းတင် ဆက် သူ က ကြေငြာ သွား ခဲ့ သည်။
Zakaria: Will the North Koreans rise up? မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ဟာသူ့ ရဲ့ သားဖြစ်သူ ကင်ဂျုံအွန်းကို နိုင်ငံရဲ့ ခေါင်း ဆောင် အဖြစ် နှင့် မြောက်ကိုရီးယား အလုပ်သမား ပါတီ ခေါင်းဆောင် အဖြစ် မနှစ်က ပါတီ တည်ထောင်ခြင်း ၆၅ နှစ် ပြည့် ချိန် အောက်တိုဘာလ ၉ ရက် နေ့ တွင် တရားဝင် အာဏာဆက် ခံရန် အတွက် အာဏာ လွှဲ ပြောင်း ပေး ခဲ့ သည်။ ကင်ဂျုံအီလ် ကို ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ခါဘာရောဗ် မြို့  ဉ် မွေးဖွား ခဲ့ သည်။
လူ့ ဘ၀ သို့  ရောက် လာ ခါစ ကင် သည် အထီးကျန် မှု နှင့် ကြေကွယ် ဖွယ်ရာ များ ဆက် တိုက် ဆိုသလို ကြုံခဲ့ ပြီး နောက် သူ သည် တည် ငြိမ် ရင့် ကျက် လာခဲ့ သည် ဟု မြောက် ကိုရီးယား ထောက်လှမ်း ရေး အရာ ရှိ တစ်ဦး ၏ အင် တာနက် စာ မျက်နှာ တွင် ဖော် ပြထား သည်။ “အသက် ၅ နှစ် အရွယ် မှာ သူ့  အကို ရေကန် လေးထဲ လိမ့်ကျ ပြီး သေသွားတယ်။ နောက် ၂ နှစ် နေ တော့ သူ့  အမေ သေတယ်။ ချစ်လှစွာ သော ကျွန်တော် တို့  ရဲ့  ခေါင်းဆောင်ကြီး သူ့  အဖေ ကင်အီဆွန်း က နောက် အိမ်ထောင် ပြုတယ်။ မိထွေး နဲ့  မယား ပါ သား ရဲ ညိုငြင် မှု တွေ နဲ့  ပဲ သူ ကြီးပြင်း လာခဲ့ တယ်။ ဒါပေမယ့် ကျွန်တော် တို့  ရဲ့  ဂျင်းဆင်း ပဲ ထွက် တဲ့ နိုင် ငံ ကို ထည်ဝါ စေခဲ့ တယ်” ဟု ရေးသား ဖော် ပြ ခဲ့ တယ်။
မြန်မာ နိုင်ငံ နှင့် နီးကပ်စွာ စစ်ရေး ဆက်ဆံ မှု ရှိ သည် ဟု အနောက် နိုင်ငံ တို့  က စွပ်ဆွဲခံ ထား ရ သည့် မြောက် ကိုရီးယား ခေါင်းဆောင် သည် တန်းမြင့် ရုပ်ရှင် ဇာတ်ကား များ ကို ကြည့် ရှု ခြင်း ဉ် ၀ါသနာ ပါ ပြီး ရုပ်ရှင် ထုတ် လုပ် ရေး လုပ် ငန်း ကို လည်း သဘောကျ သူ ဖြစ်သည်။ မြန်မာ နိုင်ငံ ဉ် လွတ် လပ် ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ရုပ်ရှင် ရိုက်ကူး ရန် စီစဉ် နေမှု ကို လည်း သူ သိရှိ ပြီး ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့  အာဇာနည် ကုန်း ကို မြောက်ကိုရီးယားနိုင်ငံမှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စေလွှတ် ပြီး ဗုံး ခွဲ လုပ် ကြံမှု ကို အဆိုပါ ဇာတ် ကား ဉ် ဖော်ပြ ခြင်း မပြုရန် အတွက် ရန်ကုန် မြို့  ရှိ မြောက် ကိုရီးယား သံရုံး မှတစ်ဆင့် အဆိုပါ ဇာတ်ကား ထုတ် လုပ် သူ အား လော်ဘီ လုပ်နိုင် ကြောင်း မြန်မာ ၀ီကီလိခ် ပြော ရေး ဆိုခွင့် ရသူ က FNG သို့  ပြောသည်။
တရုတ် သံ အမတ် က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ယခင် သီတင်း ပတ်က တွေ့ ဆုံ ပြီး နောက် မြောက်ကိုရီးယား နှင့် ရုရှား သံ အမတ် ကြီး များ လည်း ဒေါ်အောင် ဆန်း စုကြည် ကို လာရောက် တွေ့  ဆုံ နိုင် သည် ဟု သတင်း များ ထွက် ပေါ် နေ ခဲ့ သည်။ မြောက်ကိုရီးယား နှင့် မြန်မာစစ်အစိုးရ ဆက်စပ်မှု ရှိနေခြင်းကြောင့် ဂျင်ဝဘ်၏ ခရီးစဉ် ရွှေ့ ဆိုင်း အဆိုပါ အကြမ်း ဖက် မှု ကို ယနေ့ အထိ မြောက်ကိုရီးယားအစိုးရ က တရားဝင် တောင် ပန် ခြင်း မရှိ သော် လည်း လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦး ရွှေမန်းက မြောက် ကိုရီးယား နိုင်ငံ သို့  စစ်ခေါင်းဆောင် အဖြစ် တာဝန် ထမ်းဆောင် ချိန် က တရားဝင် သွား ရောက် လည်ပတ် ခဲ့ ပြီး ၊ မြောက်ကိုရီးယား နိုင်ငံ ခြားရေး ၀န်ကြီး က မြန်မာ နိုင်ငံ သို့  ယမန် နှစ် က လာရောက် လည် ပတ် ခဲ့ သည်။ အထီးကျန် မြောက် ကိုရီးယား ခေါင်းဆောင် သည် “ဒီမိုကရေစီ စနစ် သို့  သွား နေသည်” “ပြောင်းလဲ မှု တွေ စနေ ပြီ ” ဟု ဘာဘာ ညာ ညာ မကြွေး ကျော် ဘူး သော် လည်း သူ၏ နိုင်ငံ တွင်း ဉ် ပင် စံ မြန်း နေရင်း အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ နှင့် ဘီလ် က လင် တန် တို့  ကို လေးကြိမ် ထက် မနည်း ကြို ဆို ဧည့်ခံ ဖူး သည်။
မြောက်ကိုရီးယား အတိုက်အခံ တို့ ထံ မှာ လာသည့် သတင်း များဉ် မူ ခေါင်းဆောင်ကြီး သည် လုပ်ကြံ ခံ ရခြင်း ဟု ဆိုခြင်း ကြောင့် သဘောထား တင်းမား သူ တို့  အာဏာဆက်ခံ မည် ကို စိုးရိမ် ၍ ပြိုင် ဘက် တောင် ကိုရီးယား က နှစ် ပေါင်း ၃၀ အတွင်း အဆင့် မြင့် ဆုံး စစ်ရေး တပ် လှန့်  မှု ကို ပြုလုပ် ထား သည်။ ကင်ဂျုံအီလ် သည် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မှ စပြီး ဖခင် ဖြစ်သူ ၏ အရိုက် အရာ ကို ဆက်ခံ ခဲ့ သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏ ဈာပန ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် ကျင်း ပမည် ဟု KCNA သတင်း တွင် ဖော် ပြထား သည်။မြောက်ကိုရီးယား ပြည်သူများ နှင့် အလုပ် သမား ပါတီ ၀င် များ သည် ခေါင်းဆောင်ကြီး သေဆုံး မှု ကြောင့် ၀မ်းနည်း ပက်လက် ဖြစ်နေ သည် ဟု သတင်း က ဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် သေဆုံး မှု နှင့် ပတ်သက် ပြီး နိုင်ငံ တကာ က တုံ့  ပြန်မှု များ ရှိရာ မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် မည့် ဗြိတိသျှ နိုင်ငံခြားရေး ၀န် ကြီး ၀ီလျှံ ဟိဂ် က မြောက်ကိုရီးယား အနေဖြင့် အပြောင်း အလဲ တစ်ခု အတွက် အလှည့် အပြောင်း အခြေ အနေတစ် ရပ် ဖြစ်သည် ဟု ဆိုသည်။ ကမ္ဘာ့ ခေါင်းဆောင် အချို့ က ကင်ဂျုံအီလ် ခောတ် လွန် မြောက်ကိုရီးယား နိုင်ငံ သည် ဒေသတွင်း နိုင်ငံ များ အတွက် အန္တရာယ် ကြီး သည် ဟု သုံးသပ်ကြသည်။
သတင်း စာသားများကို Freedom News Group မှ တိုက်ရိုက် ကူးယူ ဖေါ်ပြပါသည်။
No comments:
Post a Comment