ၾသစေၾတးလ်
အမျိုးသား တယောက်က ထိုင်းအမျိုးသားတယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ
တသန်းကျော်ဗျို့) အကုန်ခံ လက်ထပ်လိုက်တယ်တဲ့ - ဒီလ ၄ ရက်နေ့ ရက်စွဲနဲ့
ဖူးခက်ဂေဇက် ဒေါ့ကွန် သတင်းတပုဒ်က ဆိုပါတယ်။အမျိုးသား ၂ ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မှာ လုပ်တယ်၊
သြစတြေးလျ သတို့သား Mr Chaiyanon - အသက် ၆၀
Chachoengsao ခရိုင်က ထိုင်းအမျိုးသား သတို့သမီး - အသက် ၂၇
သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ ထက်မနည်း တန်တဲ့ အိမ်ခြံမြေပိုင်ဆိုင်မှု၊ ငွေသား၊ လက်ဝတ်ရတနာတွေကို သတို့သမီးလက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါတယ်လို့ သတင်းက အတိအကျ ဆိုပါတယ်။
သတို့သားက ထိုင်းမှာရှိတဲ့ ပိုင်ဆိုင်သမျှကို ရောင်းချ၊ Doi Saket အရပ်မှာ ရေကူးကန်ပါတဲ့ဇိမ်ခံအိမ်ကြီးတလုံးဝယ်တယ် တဲ့။ မင်္ဂလာမောင်နှံ နေကြမယ်ပေါ့။
သတို့သားက ဘွဲ့ရပြီးကတည်းက ချင်းမိုင်ကို ကြိုက်လို့ ချင်းမိုင်မှာ နေတယ် တဲ့။
နှစ်ဦးသား ဧည့်ခံပွဲမျာ ရိုးရာ လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အ၀တ်အစား ၀တ်ထားကြပါတယ်။
သူတို့ရဲ့ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူတယ်လို့ ဆိုတယ်။
မည်သို့ပင် သဘောတူစေကာမူပေါ့ဗျာ - သြစတြေးလျ နဲ့ ထိုင်း ၂ နိုင်ငံစလုံးက တူညီသောလိင်အမျိုးအစားချင်း ထိမ်းမြားခြင်းကို ဥပဒေအရ ခွင့်မပြုသေးတာကြောင့် တရားဝင် လင်လင် အဲ လင်မယား ဖြစ်ရေးက ခရီးဝေးပါသေးတယ်လို့ သတင်းမှာ ရေးထားပါတယ်။
No comments:
Post a Comment