
Nanyang Siang Pau မှ ပေးပို့လာသည့် သတင်းအရ လိင်ဖျော်ဖြေရေး အမျိုးသားအုပ်စု တစ်စုသည် ပီနန်မြို့မှ ဖောက် သည်များအတွက် လူမှုကွန်ယက်အမျိုးမျိုးကို အသုံးပြုကာ ရှာဖွေစားသောက်နေကြသည်ဟု သိရသည်။
၎င်း ပြည့်တန်ဆာအမျိုးသားများသည် အင်တာနက်ပေါ်တွင် သူငယ်ချင်း ရှာဖွေရန် အတွက် အမှန်တကယ် ကြော်ငြာများ အတည့် အလင်း ကြော်ငြာထားသည်။
အချို့ အမျိုးသားများမှာ ၎င်းတို့အား ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိင်စိတ်ကြွစေရန် ပို့စ်အမျိုးမျိုး ပေးထားသော ပုံများနှင့် ဈေးနှုန်းများ ကို နေ့စဉ် တင်ပြထားသည်။
၎င်း လိင်ဖျော်ဖြေရေး အမျိုးသားတို့မှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မိုနာကို၊ သြစတြေးလျနှင့် နယူးဇီလန်တို့မှ ဖြစ်ပြီး ထပ်မံ ပြောပြထား သည်မှာ ရုတ်တရက် ရှောင်တခင် အဖမ်းအဆီး များကို ရှောင်ရှားနိုင်ရန် ဧည်သည်တော်ကြီးများ ကဲ့သို့ ဟိုတယ်များတွင် ရှိနေမည်ဟု ဆိုလေ သည်။
လူပြောသူပြောအရ ၎င်းတို့အား တစ် ဆက်ရှင်လျှင် ရင်းဂစ် ၁၅၀ နှင့် ၂၅၀ ၀န် ဆောင်မှုပေးရပြီး အနောက်နိုင်ငံ တိုင်းပြည်များမှ ဆိုလျှင် အပိုကြေး ရင်းဂစ် ၁၀၀ ပေးဆောင်ရ သည်ဟု ဆိုသည်။
အဆိုပါ ပြည့်တန်ဆာအမျိုးသားများ အား ၎င်းတို့ရှိနေမည့် နေရာတွင် မဟုတ်ဘဲ အပြင်အောက်ဆိုက် ဟိုတယ်များသို့ လိုက်လံ ၀န်ဆောင်မှု ပေးစေလိုပါက ခရီးသွားကုန်ကျ စရိတ်ကိုလည်း ဖောက်သည်များမှ ပေးရမည်ဟု သိရသည်။
No comments:
Post a Comment