ဧဒင်အချစ်ပုံပြင်: ကိုယ့် ကိုယ် ကို သရဏဂုံတင် ပြီးသတ်သေသွားသော အမျိုးသမီးး

Saturday 7 January 2012

ကိုယ့် ကိုယ် ကို သရဏဂုံတင် ပြီးသတ်သေသွားသော အမျိုးသမီးး

လွန်ခဲ့သော ရနှစ် ၈နှစ်လောက်က အဖြစ်အပျက် ပါ .. အဖြစ်အပျက်ကိုတော့ ပြီးခဲ့တဲ့ သင်္ကြန်ပြန်တော့မှ အမှူ ဖြစ်ခဲ့သောအိမ်ရှိရာလမ်းသို့ ကျွန်တော်နှင့်တစ်ကွ သူငယ်ချင်းမိသားစုပါ ... သွားရောက်လည်ပတ်ခဲ့ခြင်းကြောင့် သိခဲ့ရခြင်းဖြစ်ပါသည် ... ကျွန်တော် မနက်ဖြန်ဆို ဒီကို ပြန်လာတော့မယ် ဆို ဒီနေ့ညက သူငယ်ချင်းအိမ်တွင် ကားမောင်းပေးသော ဦးလေးကြီးအိမ်တွင် ဘုရားမဲပေါက်သောကြောင့် ကျွန်တော်တို့ကို ဖိတ်သဖြင့် သွားရောက် ခြင်းဖြစ်သည် ...
တောင်ဥက္ကာလပ မိုးဆွေ မှတ်တိုင် ရှိသော ရပ်ကွက် ရဲ့ ရှေ့ဘက် ရပ်ကွက်မှာပါ .. ရပ်ကွက်နာမည်တော့ မသိပါ ... လွန်ခဲ့သော ၈နှစ်လောက် မိသားစုတစ်စုရှိပါသည် ... အဲ့ဒီမိသားစုမှ (သေသွားသောအန်တီ) သည် ဘုရားတရား အရမ်းလုပ်သော အမျိုးသမီးဖြစ်သည် ..


တစ်လ တွင် အိမ်မှာ ရှိတာမှ တစ်ပတ်မပြည့်ချင် .. ဘာကြောင့်လဲဆိုတော့ ရိပ်သာဝင်ရင်ဝင် တရားစခန်းဝင်ရင် ၀င် .. နယ်ဘုရားဖူးးထွက်ရင်ထွက်နေ သောကြောင့် အန်တီ့ကို အိမ်မှာတွေ့ရန်ခဲယဉ်းလှသည် ... ထိုလင်မယားတွင် သားသမီး ၂ယောက်ရှိသည် ....
ဘုရားတရား လုပ်လွန်းသောကြောင့်လားမသိ ... ယောက်ျား အနား မကပ်နိုင်သော ထိုအန်တီကို
သူ့ယောက်ျားက ချစ်ရှာပါသည် ... ဒါပေမယ့် ကြာတော့ ယောက်ျားတွေ သိတယ်မလား မိန်းမ မရှိသဖြင့် အသစ်ရှာသည်နှင့်တူပါသည် .... ထိုကိစ္စကို (သေသူ) အန်တီ သိသွားချိန်တွင်မူ .
ပထမတွင် လင်မယား၂ယောက် စကားများကြသည် ... နောက် ၂နာရီလောက်တွင် ထို အန်တီ၏ယောက်ျားသည် သူတို့အခန်းတွင် အိပ်ပျော်နေစဉ် (သေဆုံးသူ) ထို အန်တီမှာ .. အပေါ်ထပ်တွင် ထားသော ဓါတ်ဆီများကို တစ်ကိုယ်လုံးပေါ်လောင်းချပြီး ... သူ့ကိုယ်သူ သရဏဂုံတင်ပြီးနောက် မီးရှို့ကာ အပေါ်ထပ်မှ ဆင်းလာပြီး ဘုရားစင်ရှေ့တွင် နာလွန်းသဖြင့် ဘုရားစာကို အသံကျယ်ကြီးဖြင့် ရွတ်ကာ ထိုင်နေလေသည် .. ဘေးအိမ်မှ .. လူများသည် .. သွေးရိုးသားရိုးမဖြစ်နိုင်ဘူးထင်ကာ .. ထိုအိမ်ထဲသို့ သွားရောက် ကြည့်ရှူသောအခါ မီးတဟုန်းဟန်းတောက်ပြီး တစ်ကိုယ်လုံးညှော်နံ့ တစ်ထောင်းထောင်းထနေသော ထိုအန်တီ၏ ခန္ဒာကိုယ် ကို တွေ့ကြလေသည် ... ထိုအခါ ဘေးအိမ်က လူများမှ ပတ်ဝန်းကျင်ကိုအော်ခေါ်ကာ .. မီးစွဲနေသော ခန္ဒာကိုယ် ကို ရေစိုဆောင်ဖြင့် မီးညှိမ်းသတ်ကြလေသည် .. ဒါပေမယ့် အချိန်မမှီလိုက်ပါ .. ထိုခန္ဒာကိုယ်တွင် အသက်မရှိတော့ပါ ...
နောက်နေ့ အသုဘချသောရက် မတိုင်ခင်မှစပြီး ထိုအိမ်တွင် အမျိုးမျိုးခြောက်လေတော့သည် ..
နောက်ဆုံး ထိုအိမ်ကို ထားပြီး ပြောင်းပြေးတဲ့ အဆင့်ထိဖြစ်ကြသည် .. သူ့ခမျာသားသမီးကိုလဲ ဖအေနဲ့စိတ်ချပုံတူတယ် မထင်ပါဘူး... သူ့ယောကျာ်း နောက်အိမ်ထောင်ပြုသောအခါတွင်လည်း အမျိုးမျိုးသွားရောက် ခြောက်လှန့်ခဲ့သည် ... သူ့ယောက်ျားက သူသေပြီး တစ်နှစ်တောင်မကြာဘူးနောက်မိန်းမ ယူခဲ့တာကိုး ... အခုတော့ (သေဆုံးသူ) အန်တီ ရဲ့ယောက်ျားနဲ့နောက်မိန်းမလဲ သက်ဆိုးမရှည်ပါဘူးး .. ဘာကြောင့်လဲတော့မပြောတတ် ..
... ဒီလိုနဲ့နှစ်တွေကြာသည့်တိုင် ထိုအိမ်မှာ ခြောက်နေတုန်းပါပဲ ... လမ်းသွားလမ်းလာတွေနဲ့ အိမ်နီးချင်းတွေလဲ ခဏခဏ ခြောက်ခံရတယ် ... အပေါ်ထပ်ဝရံတာပေါ်ကနေ .. လှမ်းပြီးစနောက်ခြင်းပါ .... အိမ်ငှားတင်ပြန်တော့လဲ အိမ်ငှားများမှာ ၃ လထက် မပိုချေ ..ပြောင်းပြေးကြသည် ... အကြောင်းမှာ ... အိမ်ငှားများသည် ..ရေချိုးခန်းတွင် အလုပ်မသွားခင် အ၀တ်များကို လျှော်ရန် စိမ်ခဲ့လေ့ရှိသည် ... အလုပ်မှပြန်လာလျှင် ထိုအ၀တ်များကို လျှော်ထားပြီးဖြစ်နေကြောင်းတွေ့ရတတ်သည် ... ဒါ့အပြင် အိမ်ထဲမှာ တံမျက်စီးလှဲခြင်း ... သစ်ပင်ရေလောင်းခြင်းများကိုမူ လုပ်ထားလေ့ရှိကြောင်း အိမ်ငှားသူများက ပြောပြကြသည် .. ဒါပေမယ့် လင်မယား၂ယောက် အတူတူ အိပ်လို့မရအောင် ညဘက်တွင် ... ခုတင်ပေါ်မှ ကန်ချခြင်း ... ကုတင်မခြင်း ... ရုပ်ပြပြီးခြောက်ခြင်းများကို နေ့စဉ်ပြုလုပ်သောကြောင့် ကြာသောအခါ မည်သူမှ မနေနိုင်တော့ပါ ... အိမ်တွင် ဘုန်းကြီးပင့်ပြီး တရားနာသော အခါတွင်လည်း တစ်အိမ်လုံးက ပစ္စည်းတွေကို လေထဲမှာပျံနေအောင် နှောက်ယှက်ပြီး ... လှူဖွယ်ပစ္စည်းတွေနဲ့ ခုံတွေ ကိုပါ လမ်းမသို့လွှင့်ပစ်သောအခါ ဘုန်းကြီးများပါ ထွက်ပြေးရပါသည် .... လွန်ခဲ့သော ၃ နှစ်လောက်ကပင် တိုင်း ရဲတပ်ဖွဲ့ စစ်တပ်ကပါ လာရောက် ကြည့်ရှူရသော အခြေအနေပင် .. တစ်ချို့သတင်းစာတွေထဲပင် ပါခဲ့ပါသည် .. ယနေ့ထက်တိုင် သေသူအန်တီမှာ မကျွတ်မလွတ်ပဲ ရှိနေသေးပါသည် ... .. ကျွန်တော်တို့ ထိုအိမ်ရှေ့မှဖြတ်သောအခါတွင်လည်း သရက်သီးနဲ့လှမ်းပေါက်သောကြောင့် ဘုရားဖူးရန်ဖိတ်သော အန်တီများက ထိုအကြောင်းများအား ကျွန်တော်တို့အား ပြောပြခြင်းဖြစ်သည် ...

ရွေှ့မြန်မာဥယျာဉ်ကူးယူဖော်ပြသည်။

1 comment:

  1. ထူးဆန်းတဲ့အကြောင်းလေးမို့စိတ်ဝင်စားမိတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...