ဧဒင်အချစ်ပုံပြင်: သတင်းအစုံ

Tuesday 3 January 2012

သတင်းအစုံ

မြန်မာ – ထိုင်း နှစ်နိုင်ငံ ပူပေါင်း၍ လှည်းတန်း ဗုံးခွဲမှု တရားခံများ ဖမ်းမိ
ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက် တွင် ရန်ကုန်မြို့ လှည်းတန်း သန့်စင်ခန်း တွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု၏ အဓိက ကွင်းဆက် တရားခံများဖြစ်သော VBSW (စွမ်းအားမြှင့် မြန်မာကျောင်း သား စစ်သည်တော်အဖွဲ့) လေးဦး ကို ဒီဇင်ဘာ ၂၂ ရက်၌ မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဖောက်ခွဲမှုဖြစ်စဉ် အတွက် ဒီဇင်ဘာ ၂၂ ရက်၌ မြ၀တီခရိုင် ရဲတပ် ဖွဲ့မှူး၏ အနီးကပ် ညွှန်ကြားမှုဖြင့် ရဲအုပ် စိုးနိုင်ဝင်း (မြ၀တီ ခရိုင်ရဲတပ်ဖွဲ့)၊ ရဲအုပ် သိန်းလွင် (မြ၀တီမူးယစ် အထူးတပ်ဖွဲ့) တို့နှင့် အတူ ထိုင်းနိုင်ငံတပ်မတော် ထောက် လှမ်းရေး တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးရဲ တပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့ သော ကွင်းဆက်တရား ခံ ကတုံး(ခ)ဇော်သက်အောင် (၂၂ နှစ်)၊ အောင်ကိုမင်း (၂၇နှစ်)၊ အောင်ဇော် (၂၃နှစ်)၊ နေမျိုး သူရအောင်(ခ) အောင် ကိုမင်း (၂၄နှစ်)၊ လေးဦးအား ဖမ်းဆီးရမိ ခဲ့ပြီး ထိုင်းဖုန်း နံပါတ်ပါ သုံးလုံး၊ ဘားအံ မြို့ပွဲတော် ကျင်းပမည့် နေရာနှင့် မြို့အကွက် ချမြေပုံ နှစ်ပုံ၊ VBSW သင်တန်း သင်ခန်း စာမှတ်စု စာအုပ်သုံးအုပ်၊ စီဒီငါးချပ်၊ ဆန့် ကျင်ဘက် အဖွဲ့အစည်းများ၏ အချက် အလက် များနှင့် ၀ါဒဖြန့် စာရွက်စာ တမ်း များ၊ SAW စာသင်ကျောင်းမှ ကျောင်း သား ကတ်နှစ်ကတ်တို့ကို ပူးတွဲသိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အတွင်း အဓိက ဖောက်ခွဲ မှုလုပ်ခဲ့သော ကတုံး (ခ) ဇော်သက် အောင် အပါအ၀င် လေးဦးကို ကမာရွတ် ရဲစခန်း(ပ)၃၁၁ / ၁၁ ပေါက်ကွဲ-၃၊ ကမာရွတ်ရဲစခန်း(ပ) ၄၀၁ / ၁၁ ပြစ် မှုပုဒ်မ ၃၀၂ / ၃၀၇ /  ၃၂၆ တို့ဖြင့် ရီမန် ယူစစ် ဆေးမည်ဖြစ်ပြီး လတ်တလော အနေဖြင့် မြ၀တီခရိုင် အထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရှိသည်။
ရဲဒွေး (မြ၀တီ)
မြန်မာပို့ စ်

*************************************************
ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့
ဓါတ်ပုံ(ပေါ်ပျူလာ)
မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ် ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အဓိကတရားခံတစ်ဦးအပြင် စုစုပေါင်း ၂၀ ဦးကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်းအနီးအနားတွင် အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့အထိဖြစ်စဉ်မှ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦးကိုဖမ်းဆီးထားနိုင်ခဲ့ကြောင်း အဓိကပါဝင်ခဲ့သူတစ်ဦးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အ ထိ တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။ ပါဝင်ကျူးလွန်ခဲ့သူများထဲမှ အဓိကကျူးလွန်ခဲ့သူကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုစရိုက်နှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက " ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ပြီး တော့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ အဓိကပါဝင်ကျူးလွန်သူတစ်ဦးဖြစ်တဲ့ မြှားလေး(ခ)ကောင်းမြတ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီတရားခံက အဓိကတရားခံဖြစ်ပါတယ်။ သူ့ကိုပိုက်ဆံပေးပြီးတော့ ဦးစီး ပြီးသတ်ခိုင်းတာပါ။ ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့တာပါ။ တရားခံက စရံ ၂၅ သိန်းရထားတယ်။ သတ်ပြီးတဲ့နေ့ မှာ ကျပ်သိန်း ၂၀ ထပ်ရပါတယ်။ ကျပ် ၄၅ သိန်းကိုတော့မရသေးပါဘူး။ သူ့ကိုငှားပြီးတော့ သတ်ခိုင်းတဲ့သူတွေ ကို အကုန်လုံးကို ဖမ်းဆီးထားပြီးသွားပါပြီ။ အဓိကတရားခံကို စစ်ဆေးမေးမြန်းဆဲကနေ ပြီးတော့ အခြားတရား ခံငါးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြေးနေတဲ့ ၁၆ ဦးကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်" ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။

၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
EMG

***********************

မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှုကြောင့် ဒေါပုံရှိ နေအိမ်တစ်ချ...

မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှုကြောင့် ဒေါပုံရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့
အခင်းဖြစ်ပွားရာနေရာ
ဒေါပုံမြို့နယ် ဇေယျာသီရိ ရပ်ကွက် ၃ လမ်းရှိ အိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်မှ စ၍ ထူးဆန်းစွာ မြေကြီးအတွင်းမှ အပူလွန်ကဲမှု ဖြစ်ပွားခဲ့သည့် အတွက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့သွားကြကြောင်း တာဝန်ကျ လုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတို့က The Woice Weekly သို့ ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့် အချိန်၌ ဒေါပုံမြို့နယ်၊ ဇေယျာသီရိ ရပ်ကွက် ၃လမ်းနေ ဦးညီညီလွင် + ဒေါ်ခင်ပြည့်စုံ တို့၏ အိမ်အရှေ့ဘက် မျက်နှာစာရှိ ဒုတိယအိမ်တိုင် အောက်ခြေ သံမံတလင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" ဖိနပ်မစီးဘဲ ရေသောက်သွားတာ ကနေ အရမ်းပူတာကြောင့် သတိထားမိ တာပါ။ ဝါယာရှော့ ဖြစ်တယ် ထင်ပြီး လျှပ်စစ်မီး မိန်းကို ချလိုက်တယ်။ လျှပ်စစ်ကလည်း ဖုန်းဆက်လိုက်တော့ ရပ်ကွက်ကို မီးဖြတ် လိုက်ပါတယ် " ဟု ယင်းအိမ်ရှင် ဒေါ်ခင်ပြည့်စုံက The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက် မီးသတ်ဦးစီးဌာနနှင့် ဘူမိဗေဒ(အင်ဂျင်နီယာ) တို့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အခြေနေ မရှိဟု မှတ်ချက်ပေးသွားကြောင်း လုံခြုံရေး တာဝန်ယူထားသော မီသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

" အရမ်းပူတော့ သံမံတလင်းကို ဖောက်ပြီး ရေလောင်းထည့်ထား ရတယ်။ မနက်ကတော့ ၂ ခါ ရေလောင်းထဲထားတယ်။ လူအရမ်း များလာလို့ အိမ်ကို ပိတ်ထားတယ် " ဟု ဒေါ်ခင်ပြည့်စုံက ဆိုသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ် ဦးစီးဌာနနှင့် ဘူမိဗေဒ ပညာရှင်တို့မှ ပေါက်ကွဲမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးထား သော်လည်း ယင်းနေအိမ်နှင့် အနီးတစ်ဝိုက်မှ နေအိမ်တစ်ချို့ ရှုခင်းသာ အိမ်ရာသို့ ပြောင်းရွေ့သွား ကြကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ချို့နှင့် တာဝန်ကျ မီးသတ် တပ်ဖွဲ့ဝင်တို့က ပြောကြားသည်။

by The Voice Weekly on Monday,

**************************************************
ကျပ် ၁၂၅ သိန်းတန် အင်္ကျီ အခမ်း အနားဖြင့် လွှဲပေး ရန် စီစဉ် နေ
ပြည်ထောင်စု တိုင်းရင်းသားများအ တွက် ပညာရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲတွင် ပါဝင် သည့် အနုပညာ ရှင် ၇၀ ဦး ကျော်က ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ရန် စုပေါင်း လက်မှတ် ထိုးထားသည့်အင်္ကျီကို လေလံ ပစ်ခဲ့ရာ ကျပ် ၁၂၅ သိန်းဖြင့် လေ လံ အောင်ခဲ့ပြီး လေလံ အောင်သူ ကို ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် က အခမ်း အနားဖြင့် လွှဲပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ရန်ပုံငွေပွဲ ဘဏ္ဍာရေး ကော်မတီ ၀င် ဦးမြင့်ဦး က မြန်မာပို့စ် သို့ပြောကြားသည်။
“အဲ့ဒီ အင်္ကျီကို လေလံပစ်တဲ့ အခါ ကြမ်းခင်း ဈေးသိန်း ၃၀ နဲ့စတယ်။ ခြောက်ယောက် မြောက် မှာ အမျိုးသမီး လုပ်ငန်းရှင် တစ်ဦးက ကျပ် ၁၂၅ သိန်းနဲ့ လေလံ အောင်တယ်။ လေလံ အောင်တဲ့ သူ ကို လွတ်လပ်ရေး နေ့နောက်ပိုင်းမှာ ဟိုတယ် ဖြစ် ဖြစ်၊ အဆောက်အအုံ တစ်ခုခု မှာဖြစ်ဖြစ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအ နား နဲ့လွှဲပေးဖို့ စီစဉ်နေတယ်။ ဇန်န၀ါရီ ၉ ရက် လောက်ဖြစ်ဖို့ များတယ်” ဟု ဦးမြင့်ဦး က ဆိုသည်။ အဆိုပါ အင်္ကျီလေလံပစ်ရာ မှ ရရှိသည့်ငွေကျပ် ၁၂၅ သိန်းကိုလည်း ပညာရေး ရန်ပုံငွေ အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဂီတဖျော်ဖြေပွဲ တွင် အနုပညာ ရှင်များက စုပေါင်း လက်မှတ်ထိုး ထားသည့် အင်္ကျီနှစ်ထည် အနက်မှ တစ် ထည် ကိုလေလံပစ်ခြင်း ဖြစ်ပြီး၊ ကျန်တစ် ထည်ကို ဒေါ်အောင်ဆန်းစုကြည်က အ မှတ်တရ သိမ်းထားမည်ဖြစ်ကြောင်း၊ လွှဲအပ်ပွဲ အ ခမ်းအနား တွင် အနုပညာရှင် များကိုလည်းဖိတ် ကြားရန် စီစဉ်နေ ကြောင်း သိရသည်။
ထွန်းလင်း (မြန်မာပို့ စ်)
ရွှေမြန်မာဥယျာဉ်မှဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...