
ဆာတေးမြို့အနီးတွင် ရေဆိုးထုတ်ပြွန် တစ်ခုမှနေ၍ တရွတ်တိုက်ဆွဲခေါ် ခံလာရပြီး ရိုက်နှက်ကာ သတ်ဖြတ်ခံရချိန်၌ ယင်းရှပ်အင်္ကျီနှင့် ငွေလက်စွပ်တစ်ကွင်းတို့ကို ဝတ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ လစ်ဗျားနိုင်ငံသား တစ်ဦးဖြစ်သော အာမက်ဝါဖလီဆိုသူသည် ၎င်းအရာတို့ကို ပိုင်ဆိုင်ထားပြီး ရောင်းချရန်အတွက် ဒေါ်လာ နှစ်သန်းဖြင့် ဈေးခေါ်ထားခြင်းဖြစ်သည်။ သူက ၎င်းပစ္စည်းများအား ဥရောပတွင် သွားရောက်ရောင်းချပါ ပို၍မြင့်မားသော ဈေးနှုန်းရရှိလိမ့်မည်ဟု ယုံကြည်နေသည်။ သို့သော် ဝေဖန်သူများက ယင်းပစ္စည်းများအား ရောင်းချရန် မသင့်ကြောင်း ပြောကြားခဲ့သည်။ ဝေဖန်သူတစ်ဦးက ယင်းငွေလက်စွပ်မှာ ကဒါဖီ၏ လက်စွပ်မဟုတ်ဘဲ လစ်ဗျားပြည်သူ များ၏ငွေများဖြင့် ဝယ်ထားခြင်းသာ ဖြစ်သောကြောင့် ရောင်းချရန်မသင့် ဟုဆိုသည်။ ကဒါဖီ၏သား ဆာအိအယ်လ် အစ္စလာမ်မှာလည်း ဒေသခံသူပုန်များ၏ ထိန်းသိမ်းခြင်းခံထားရပြီး ယခုလက်ရှိ လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေသည့် လစ်ဗျားကူးပြောင်းရေး ကောင်စီအစိုးရထံသို့ လည်းကောင်း၊ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးသို့လည်းကောင်း လွှဲပြောင်းပေးခြင်း မရှိသေးပေ။ ထို့ကြောင့် ဝေဖန်သူတစ်ဦးက ကဒါဖီ၏လက်စွပ် ပိုင်ဆိုင်ထားသူအား မရောင်းချစေလိုပါက ဆာအိအား အမေရိကန်ဒေါ်လာ ၂ဝဘီလျံဖြင့် ရောင်းချသင့်ကြောင်း အကြံပြုလှောင်ပြောင်ထားသည်။
pyimyanmar journal မှတဆင့်ဖော်ပြသည်။
No comments:
Post a Comment