ဧဒင်အချစ်ပုံပြင်: မြန်မာအမျိုးသမီးဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ ဂျပန်အမျိုးသားအား ကာလုံမှ ပြည်နှင်ဒဏ်ပေး ရာသက်ပန် ဗီဇာပိတ်

Saturday 11 February 2012

မြန်မာအမျိုးသမီးဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ ဂျပန်အမျိုးသားအား ကာလုံမှ ပြည်နှင်ဒဏ်ပေး ရာသက်ပန် ဗီဇာပိတ်

မန်မာအမျိုးသမီးဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ ဂျပန်အမျိုးသားအား ကာလုံမှ ပြည်နှင်ဒဏ်ပေး ရာသက်ပန် ဗီဇာပိတ်
by အဂ္ဂမဟာ ဒီမိုဖက်တီး on Friday, February 10, 2012 at 6:37pm ·
ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်
အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်
ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက

သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့
အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ
Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ
ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ
ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။
Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးကို စော်ကားတဲ့ ဂျပန်ဘက်က ဘက်လိုက်ပြီး ဟော်တယ်ကို တရားစွဲတဲ့
ရန်ကုန် ဂျပန်သံရုံးကို အီးမေးပို့ပြီး ကန့်ကွက်ကြမယ်ဆိုရင်.....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...