ဧဒင်အချစ်ပုံပြင်: လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ

Saturday 11 February 2012

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ

ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolinaရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိေ
သာ လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇ
ပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့ နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickens ကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန်
ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလို
ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး
နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့  သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့် 
 ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

သက်ရှိသတ္တဝါများ နေနိုင်တဲ့ (ကမ္ဘာနှင့် ပုံသဏ္ဍာန်တူသော) ဂြိုင်္လ်သစ်တစ်လုံး သိပ္ပံပညာရှင်များ တွေ့ရှိ

သိပ္ပံပညာရှင်တွေ ဟာ အလှမ်းဝေးတဲ့ စင်္ကြာဝဠာရဲ့ တစ်နေရာမှာ ကမ္ဘာနဲ့ တူပြီး လူနေလို့ရတယ် ဆိုတဲ့အကြောင့် ကို ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ ပါတ်သက်ပြီး နတ်က္ခတာရာ သိပ္ပံပညာရှင်တစ်ယောက်ကလည်း ကမ္ဘာနှင့်တူတယ်လို့ ကြေငြာလိုက်တဲ့ Gliese 581g မှာ
လွန်ခဲ့တဲ့(၂)နှစ်လောက်ကတည်းက လေယာဉ်ပျံနဲ့တူသော အလင်းရောင်တွေကို ထို ကမ္ဘာသစ်
ဂြိုလ်မှာတွေ့မြင့်ခဲ့ရတာနဲ့ ပါတ်သက်ပြီး ထပ်၍ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Dr Ragbir Bhathal ဆိုသူကတော့ ဆစ်ဒနီအနောက်ပိုင်း တက္ကသိုလ်က သူဘဲဖြစ်သလို အလှမ်းဝေးတဲ့
ဂြိုလ်တွေကို လေ့လာနေတဲ့ SETI အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ Gliese 581 (လူနေလို့ရတဲ့ကမ္ဘာသစ်) အကြောင်း လူထုကြားသို့မကြေငြာခင် ၂ဝဝ၈ ဒီဇင်ဘာ လ ကတည်းက ထူးဆန်းတဲ့ အလင်းရောင်တွေ မှိတ်တုတ်မိတ်တုတ်နဲ့ ရွေ့လျားနေတာကို တွေ့ရှိခဲ့သူဖြစ်ပါတယ်။

မှတ်သားစရာကတော့ ထုတ်ဖော်ကြေငြာတဲ့အဖွဲ့နှင့် Dr Ragbir Bhathal ရဲ့ သက်ရှိ တွေ ရှိမယ်ဆိုပြီး
လေ့လာနေတဲ့ ဂြိုလ်ဟာ တစ်ခုတည်းဖြစ်သလို လူနေလို့ရမယ်၊ သက်ရှိတွေ ရှိကောင်း ရှိနေလိမ့်မယ်ဆိုတဲ့ အဖြေချင်းကတော့ တစ်ထပ်တည်း တူနေတာဘဲဖြစ်ပါတယ်။ Dr Bhathal က ထိုအဖြစ်အပျက်ကို စတွေ့ချိန်တုန်းကဆို ကျွန်တော်တော်တော်ကို စိတ်လှုပ်ရှားခဲ့ရပါတယ် လို့ဆိုပါတယ်။ ထိုနေ့ညက နက္ခတ်တာရာကြည့်မျှော်စင်ပေါ်မှ ကောင်းကင်က အခြားဂြိုလ်တွေကို ကြည့်နေစဉ် ထိုအလင်းရောင် ကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုတွေ့ခဲ့ရတော့ ကျွန်တော်အရမ်းကို စိတ်အားထက်သန်
သွားတယ်။ ဒါကြောင့်လည်း နောက်တစ်ကြိမ် ကျွန်တော်တို့မှာရှိတဲ့ ဆောဖ့်ဝလ် နဲ့ ထို အချက်ပြ
အလင်းကို သေသေချာချာထပ်ပြီး စစ်ဆေးခဲ့တယ်။ အသေအချာသိခဲ့ရတာကတော့ ထိုအရာဝတ္တုဟာ အဆူချွန်ပုံသဏ္ဍာန်မျိုးဖြစ်တယ်လို့ ပြောပါတယ်။ ကလ်ဖိုးနီးယား ဆန်တာခရု တက္ကသိုလ်မှ
လေ့လာရေးအဖွဲ့ကို ဦးဆောင်နေသူ Dr Steven Vogt ကတော့ Gliese 581 မှာဂြိုလ်မှာ သက်ရှိတွေ ရှိတယ်ဆိုတာ ရာနှုန်းပြည့် ကြိမ်းသေတယ်လို့ ယနေ့မှာ ထုတ်ဖော်ပြောကြား အတည်ပြုလိုက်ပြီ
ဖြစ်ပါတယ်။ အာကာသရဲ့ Goldilocks ဇုန်မှာ ရှိနေတဲ့ Gliese 581 ဂြိုလ်ပေါ်ဟာ ကမ္ဘာကဲ့သို့ ပူခြင်း၊ အေးခြင်း၊ မြစ်၊ချောင်း၊အင်း၊အိုင် ပင်လယ် စတာတွေအကုန်ရှိတယ်လို့ပြောပါတယ်။

သက်ရှိများနေထိုင်တဲ့ Gliese(g)581 ဂြိုလ်နှင့်အားလေ့လာသိရှိခဲ့ရတဲ့အချက်များ - 


အချင်း - ၁.၂ ၊ ၁.၄ ဆ ကမ္ဘာထက်ကြီးသည်။
  • ထုထည် -  ၃.၁ နှင့် ၄.၃ ဆ ကမ္ဘာထက်ကြီးသည်။ 
  • အပူချိန် - ပျှမ်းမျှ အပူချိန် - ၂၄ မှ ၁ဝ ဖာရင်ဟိုက် ကြားတွင်ရှိသည်။ 
  • အကွာအဝေး - ကမ္ဘာနှင့် အလင်းနှစ် ၂ဝ ကွာသည်။ တစ်စက္ကန့်ကို ၁၉ဝဝဝ မိုင်နှုန်း အမြန်နှင့် သွားမည်ဆိုပါက နှစ်ပေါင်း ၂ဝဝ သွားရမယ်။
  • Gliese 581 ကို  Gliese (g) 581 အပါအဝင် ဂြိုလ်ပေါင်း ၆ လုံး လှည့်ပတ်နေသည်။ 
  • တစ်နှစ်ကို ကမ္ဘာရက် ၃၇ရက်သာ ဖြစ်သည်။
  • မြေကြီး ဆွဲငင်အား - ကမ္ဘာနှင့်တူပြီး မပြောပလောက်အောင် အနည်းငယ်သာမြင့်သည်။ 
  • Gliese (g) 581 လှည့်ပါတ်နေသော နေနှင့် မိုင်ပေါင်း ၆ သန်းကွာဝေးသည်။
  • Gliese (g) 581 လည့်ပါတ်နေသော အနီရောင် ဂြိုလ် ကျွန်ုပ်တို့ဧ။်နေထက် သုံးဆ ပိုအေးပြီး သုံးပုံတစ်ပုံ အရွယ်သာရှိပါတယ်
  • ကမ္ဘာမြေကြီးကို ဖုံးထားတဲ့ အခိုးအငွေ့များရှိသလို Gliese (g) 581 ကိုလည်းထိုကဲ့သို့ အခိုးအငွေ့များဖုံးလွှမ်းထားပြီး ရေ ရှိခြင်းတို့ဖြစ်ပါတယ်။   http://www.youtube.com/watch?v=ZwNMg5JB_ic&feature=colike

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...