Rဇာနည်
က မတ်လ ၆ ရက်နေ့ ည နေမှာ သြစတြေးလျကို ၂ ပတ်ကြာ ဖျော်ဖြေရေး သွားဖို့
အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပါတယ်။ သြစတြေးလျကို
ပထမအခေါက် သွားစဉ် Rဇာနည်က ဟိုမှာရှိတဲ့ တီးဝိုင်းနဲ့ သီဆို
ဖျော်ဖြေခဲ့ပြီး အခု အခေါက်မှာတော့ Lazy Club တီးဝိုင်းနဲ့ အတူသွားမှာ
ဖြစ်ပါ တယ်။ Rဇာနည် နဲ့အတူ ဇော်ပိုင်၊ Lဆိုင်းဇီ၊ ရေဗက္ကဝင်း
တို့ပါဝင်မှာဖြစ်ပါတယ်။ Rဇာနည် က ဟိုမှာတော့ ပရိသတ်တောင်းထားတဲ့ သီချင်းတွေ
အများဆုံး သီဆိုမှာ ဖြစ်ပြီး ‘အဆိပ်တက် အိပ်မက်’ MTV အတွက်ကတော့ အခြေအနေအရ
ရိုက်ဖြစ်ရင်လည်း ရိုက်ဖြစ်မယ်လို့ ပြောပါတယ်။ လတ်တလော မှာတော့ Rဇာနည်က
အတွဲခွေ တော်တော် များများ သီဆိုထားပါတယ်။ အတွဲ ခွေ တော်တော်များများ
မှာပါဝင်ထားတဲ့ Rဇာနည်ရဲ့ သီချင်းများကလည်း ပေါက်သီချင်းများ ဖြစ်တာကြောင့်
အဲဒီ သီချင်းတွေကိုရော ”အစကတော့ ဗီစီဒီ အနေနဲ့ ပြန်ထုတ်ဖို့တော့ ရှိတယ်။ ဒါပေမဲ့ ခိုးကူးက တန်းပြီး ထွက်လာတော့ မလုပ်ဖြစ်တော့ဘူး။ ကိုယ်တို့က စီစဉ် ထားတာတော့ Sound System ကအစ သေချာ ဖမ်းစား ထားတာပေါ့။ ဒါပေမဲ့ ခိုးကူးက တန်းပြီး ထွက်လာတော့ အဆင်မပြေတော့ဘူး။ သူတို့ကတော့ MRTV-4 က တိုက်ရိုက် အသံနဲ့ ယူပြီး အခွေ ထွက်လာတာပေါ့။ အဲဒါနဲ့ကိုယ် လည်းဆက် မလုပ်တော့ဘူး”လို့ ပြော ပြပါတယ်။
လတ်တလော အင်တာနက် Facebook မှာတော့ Rဇာနည် ဆိုတဲ့ အကောင့် နဲ့ မဟုတ်တဲ့ သတင်းတွေ ရေးထားပါတယ်။ အဲဒါက Rဇာ နည်ရဲ့အကောင့် မဟုတ်ဘဲ သူ တကယ် သုံးဖြစ်တာက Zarnimyo Nyunt ဆိုတဲ့ အကောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမဟုတ်တဲ့ R Zar Ni ကြောင့် စိတ် အနှောင့်အယှက် ဖြစ်ကြရတဲ့ ပရိသတ်တွေ အတွက် အဆိုတော် Rဇာနည်က Fan page တစ်ခု အသစ် ဖွင့်လှစ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ထပ် ဖွင့်လိုက်တဲ့(R ZAR NI) www. facebook.com/pages/R-ZAR-NI) ဆိုတဲ့ fan pageကိုကော ပြန် ကြည့်ပြီးပြီလား ဆိုတော့…
”မကြည့်ဖြစ်သေးဘူး။ အဲဒါကခုလို သတင်းတွေ ကြားပြီး ချက်ချင်း ဖွင့်လိုက်တာ။ ကိုယ်က facebook တို့ဘာတို့ သိပ်လည်း သုံးတာ မဟုတ်ပါဘူး။ ဘယ်အရာ မဆို ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ရှိတာပေါ့။ အခုကိစ္စ ကလည်း ကျွန်တော် မဟုတ်တဲ့ အခြား တစ်ယောက်က အဲဒီလိုတွေ ရေးတာ ဖတ်မိပြီး စိတ်အနှောင့် အယှက် ဖြစ်ရတဲ့ ပရိသတ်တွေ အတွက် ကျွန်တော် Rဇာနည် အစစ်က ဒီနေရာကနေ တောင်းပန်ချင်ပါ တယ်” လို့ Rဇာနည် ပြောခဲ့ပါတယ်။
သြစတြေးလျ မှာနှစ်ပတ်ခန့် ကြာမယ့် Rဇာနည်က ဒီနှစ်သင်္ကြန် အတွက်တော့ သီချင်း ဆိုထားတာ မရှိသေး ဘူးလို့ သိရပြီး သင်္ကြန်မှာတော့ မန္တလေး Alpine မဏ္ဍပ်မှာ ရှိမယ်လို့ သိရပါတယ်။
ရဲရဲ
No comments:
Post a Comment