
မတ်လ၁၅ရက်နေ့ နံနက် ၈း၀၀နာရီ၌ စတင်ရောင်းချမည့် Appleကုမ္ပဏီ၏ နောက်ဆုံးထုတ် Tabletများကို ရရှိရန် ကမ္ဘာတစ်ဝန်းလုံးမှ iPadရောဂါသည်များက လေးရက်တိုင်တိုင် လမ်းများပေါ်၌ တန်းစီကာ လမ်းများပေါ်၌ပင် ညအိပ်လျက် စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။ Appleမှ Tabletအသစ်ကို ၀ယ်ယူရန်အတွက် လန်ဒန်မြို့ရှိ Appleစတိုးရှိရာ ရီဂျင့်လမ်းပေါ်တွင် ညအိပ် စောင့်ဆိုင်းနေကြသူများကို
ယခုကဲ့သို့ တွေ့မြင်နိုင်သည်။ယင်းကဲ့သို့ စောင့်ဆိုင်းနေသူတစ်ဦးက ယခုiPadသည် တစ်နှစ်တာအတွင်း အကောင်းဆုံးထွက်ကုန်ဖြစ်ပြီး သူ့အနေဖြင့် ယင်းကိုရရှိရန် ၂၀၁၃ခုနှစ်အထိ မစောင့်ဆိုင်းနိုင်တော့ ဟုဆိုသည်။ လန်ဒန်မြို့၌သာမက ပါရီ၊ စင်ကာပူ၊ တိုကျို၊ ဟောင်ကောင်၊ မဲလ်ဘုန်း၊ ဆစ်ဒနီ အစရှိသည့် Appleစတိုးများရှိရာ ကမ္ဘာ့မြို့ကြီးများ၏ လမ်းများပေါ်တွင် AppleTabletကို ၀ယ်ယူရန်အတွက် လူများ ကြိုတင်တန်းစီကာ ညအိပ်စောင့်ဆိုင်း နေခဲ့ကြကြောင်း သိရသည်။ ယင်းTabletကို လန်ဒန်၌စတာလင်ပေါင် ၆၀၀ (အမေရိကန်ဒေါ်လာ ၉၀၀) ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
@PyiMyanmar
No comments:
Post a Comment