ထိုင်းသင်္ကြန်နဲ့ မြန်မာသင်္ကြန်ရက်သတ်မှုကတရက် ကွာခြားတာမို့ ထိုင်းနှစ်ဆန်းတစ်ရက် (မြန်မာတွေ အနေနဲ့ဆိုရင် မြန်မာသင်္ကြန်အတက်နေ့)မှာပဲ မြို့လုံးကျွတ် ရေဆေးကြောခြင်း (၀ါ) မြို့လုံးကျွတ် သန့်စင်ခြင်း မင်္ဂလာအခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ
ယနေ့ကျင်းပကြတာတွေ့ရပါတယ်။ ဒီနှစ်အဖို့ မြူနီစီပါယ်ရုံးက ထုတ်ပေးတဲ့ ဇင်ပြာအင်္ကျီတွေဝတ်လို့ပေါ့။ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ဆယ်ခုနှစ် နှစ်ခုလောက် ကျင်းပလာကြတဲ့ ဒီမင်္ဂလာပွဲမှာ နှစ်စဉ်မပျက် တက်ကြွစွာပါဝင်ခဲ့ကြတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေဖြစ်ကြတဲ့ (၀ပ်ပါကောင်(ခ) တောရကျောင်း၊ ၀ပ်ပါမိုင် (ခ) ကျောင်းသစ်ကျောင်း၊ မယ်တော်ကျောင်း၊ ၀ပ်တာ့(မ်) အာန်ကျောင်း )စတာတွေ မပါဝင်တာပါပဲ။
အဲဒီလို မြန်မာဘုန်းတော်ကြီးကျောင်း အများစုမပါဝင်ပေမယ့်၊ ၀ပ်လွမ်(ခေါ်) ကျောင်းကြီးကျောင်း၊ ၀ပ်မဏိကျောင်း၊ ၀ပ်အလန်းကျောင်း စတဲ့ ထိုင်းဘုန်းကြီးကျောင်းတွေက စီစဉ်တဲ့ အလှပြယာဉ်တွေမှာ မြန်မာသင်္ကြန်ယိမ်းအကအဖွဲ့တွေ၊ ဒိုးပတ်အဖွဲ့တွေ ပါသေးလို့ တော်သေးတာပေါ့။ နို့မဟုတ်ရင် မဲဆောက်မြို့နေ လူထုရဲ့ လူများစုကြီးဖြစ်တဲ့ မြန်မာပြည်သားတွေဟာ မိမိတို့ရဲ့ သင်္ကြန်ရနံ့ကို ထိုင်းသီချင်းတွေ၊ ထိုင်းအကတွေနဲ့ပဲ ပြီးရတော့မလို့ ...။
ကဲ…. ပြောနေတာကြာပါတယ်။ ဟောဒီ ဓာတ်ပုံတွေကို ရှုစားလိုက်ကြပါဦး…..။ ။
** ထိုင်းယဉ်ကျေးမှုအတိုင်း ရိုးရာဝတ်စုံ များနဲ့ မြန်မာအလုပ်သမလေးများ**
**မဲဆောက်မြို့ မြူနီစီပါယ်ရုံး အရာရှိမှ မင်္ဂလာစကားပြောကြားနေစဉ်**
No comments:
Post a Comment