ဧဒင်အချစ်ပုံပြင်: အင်ဒိုနီရှားမှာငလျင်ပြင်းလှုပ်လို့ဆူနာမီသတိပေးချက်ထုတ်ပြန်

Wednesday, 11 April 2012

အင်ဒိုနီရှားမှာငလျင်ပြင်းလှုပ်လို့ဆူနာမီသတိပေးချက်ထုတ်ပြန်


အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်မှာ လူတွေ ကုန်းမြင့်ပိုင်းကို တိမ်းရှောင်နေကြ
အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ် နဲ့ ကီလိုမီတာ ရာနဲ့ချီ ဝေးကွာတဲ့ ကမ်းလွန် ပင်လယ် ပြင်မှာ ရစ်ချ်တာ စကေး ၈.၅ ပြင်းအား ရှိတဲ့ ငလျင် တခု လှုပ်ခတ် ခဲ့ပြီး တဲ့ နောက် အာရှ နိုင်ငံ အတော်များများမှာ ဆူနာမီ ဘေးအန္တရာယ် သတိ ပေးချက် ထုတ်ပြန် ထားပါတယ်။
မြန်မာ အစိုးရ MRTV က ည ၇ နာရီ သတင်းထုတ်ပြန်ချက် အရ နောက်ထပ် ၂ နာရီ အချိန်အတွင်း ဧရာဝတီ တိုင်းနဲ့ ရခိုင် ပြည်နယ်တွေကို ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ် နိုင်တယ်လို့ ဆိုပါတယ်။

ဒီငလျင်ဟာ ရဲ့အရှိန်ဟာ အင်ဒိုနီးရှား နိုင်ငံ အနှံ့အပြားမှာ ပြန့်နှံ့ သွားခဲ့ပြီး ကုန်းမြေ မြင့်ရာဆီကို တိမ်းရှောင် နေကြတဲ့ လူတွေကြောင့် ကားလမ်းပိတ်ဆို့ မှုတွေ ဖြစ်ခဲ့ ကြောင်း အင်ဒိုနီးရှား အာဏာပိုင် တွေက ပြောပါတယ်။
ဒါပေမယ့် အခုချိန်အထိ ထိခိုက်ပျက်စီးမှု ရှိတယ် ဆိုတဲ့ သတင်းတော့ မကြားရ သေးပါဘူး။
ငလျင်ရဲ့ ရိုက်ခတ်မှုကို မြန်မာ၊ ထိုင်း၊ အိန္ဒိယ။ သီရိလင်္ကာ နဲ့ သြစတြေလျ နိုင်ငံတွေမှာလည်း ခံစားရတယ်လို့ ဆိုပါတယ်။

1 comment:

  1. ဆူနာမီ လား လာပြန်ပြီ
    မပြီးတော့ဘူးဟယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...