၁၂-၄-၂၀၁၂ သင်္ကြန်အကြိုနေ့ နေ့လည် ၁၂-၃၀ နာရီခန့်က
မန္တလေးမြို့(ရတနာပုံဈေး)ရှေ့မှာ မျဉ်းဖြတ်က တဖက်ယာဉ်ကြောကိုကွေ့ဘို့
အချက်ပြမီးပြပြီးရပ်ထားတဲ့ (Caldina Van)ကားကို အရက်အလွန်အကျွံမူးနေတဲ့
(ယာဉ်ထိန်းရဲ)က ဆိုင်ကယ်နဲ့ ၀င်တိုက်ခဲ့ပါတယ် .. ဆိုင်ကယ်နဲ့တိုက်မိလို့ (Caldina Van)ကားရဲ့
အနောက်ဖက် ဘယ်ဘက်ကမီးလုံးကွဲသွားပြီး ဘယ်ဘက်အနောက်ဘေးခြမ်းကဆေးတွေပါပွန်းကုန်ပါတယ်
…
သူမောင်းလာတဲ့ အရှိန်ကို အရက်မူးနေတဲ့အတွက် မထိမ်းနိုင်ဘဲ သွားတိုက်တာပါ .. ကားကိုနောက်ကတိုက်မိပြီး
သူစီးလာတဲ့ဆိုင်ကယ်လဲသွားပါတယ် … (စာကားပြောစက်)လည်း ဘေးကိုလွင့်ကျသွားပါတယ် …
ဆိုင်ကယ်ကို ပြန်ထူပြီး မောင်းပြေးမလို့လုပ်တုန်း ကားပေါ်မှ ယာဉ်ပိုင်ရှင်က ကားတံခါးကိုဖွင့်ပြီး ဆိုင်ကယ်ကို
နောက်ကဆွဲထားလိုက်လို့ မောင်းပြေးလို့ မရတော့ပါဘူး … တာဝန်မဲ့စွာနဲ့ ထွက်ပြေးမလို့လုပ်တဲ့ အတွက် ယာဉ်ပိုင်ရှင်လည်း
ဒေါသတော်တော်ထွက်သွားပုံရပါတယ် … ဆိုင်ကယ်နဲ့တိုက်တဲ့ (ယာဉ်ထိန်းရဲရဲ့ အင်္ကျီကနံပါတ်က – 258 ) ပါ သူနဲ့အတူ
အရက်မူးပြီးပါလာတဲ့ နောက်တယောက်က ( အင်္ကျီနံပါတ် – 241 ) ပါ နယ်မြေ(၂)ကလို့ ပြောပါတယ် …
ဆိုင်ကယ်နှင့်တိုက်တဲ့ ယာဉ်ထိန်းရဲမှ ကားပိုင်ရှင်ကို လျှော်ကြေးပေးလိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဆိုးနေပါလား ယာဥင်္ထိန်းရဲလုပ်ပြီး တိုက်မိတာတောင် ပြေးမလို့လုပ်တယ်တဲ့....
ReplyDeleteလုံးဝမဖြစ်သင့်တဲ့ကိစ္စကြီး....စံပြအဖြစ်ကို အရေးယူသင့်တယ်....
အင်း.. ဥပဒေတွေ.. ဘာတွေဖြစ်ကုန်ပြီလဲ..
ReplyDelete