
အဆိုပါပွဲကို Tiger Beer မှ Brnd Ambassador ဖြစ်သော စိုင်းစိုင်းခမ်းလှိုင် ကို ကူညီပံ့ပိုးခဲ့တယ် လို့သိရပါတယ်။ စိုင်းစိုင်းရဲ့မွေးနေ့ Show ကို Mandalay Hill Resort Hotel မြက်ခင်းပြင်တွင်ကျင်းပသွား မယ်လို့သိရပါတယ်။
စာနယ်ဇင်း ရှင်းလင်းပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့ရှိုးနဲ့ပတ်သက်ပြီး ရှင်းလင်း ခဲ့ရာ-
"ကျွန်တော့်ကို စတင် ရှင်းလင်း ခွင့်ပြုပါ ခင်ဗျား။ဆရာ ဆရာမ များ ကြွရောက် လာသော ဧည့်သည် များခမျာဒီနှစ် (၂၀၁၂) မှာကျွန်တော့် ရဲ့ ကျင်းပ နေကြဖြစ်သော စိုင်းစိုင်း Birthday Show ကို မန္တလေးမြို့မှာ
ကျင်းပမှာဖြစ်ပါတယ်။
ဘာကြောင့် ရန်ကုန်မှာမလုပ်သလဲရန်ကုန်မှာ လုပ် နေကျကိုဘာလို့ မန္တလေးမှာသွား လုပ်လဲဆိုတဲ့ မေးခွန်းကို ကျွန်တော် တစ်ချိန်လုံးအမေးခံရပါတယ်။ အဲဒီ မေးခွန်းရဲ့အဖြေကတော့ မန္တလေးပရိ သတ်ကိုလည်း ကျွန်တော့်ရဲ့ Birthday Show ကို ဖျော်ဖြေချင်လို့ပါ ခင်ဗျား။ အဲဒီအတွက် ဒီနေရာကနေ ပြီးနှစ်စဉ်အားပေးနေကြ ရန်ကုန်ပရိ သတ်တွေကို အနူးအညွတ်တောင်း ပန်ပါတယ်။
နောက်နှစ်မှာ ရန်ကုန်ကို ပြန်လာမယ်လို့လည်းကြိုပြီး ပြောချင် ပါတယ်။ဒီနှစ်မန္တလေးမှာကျင်းပမယ့် ကျွန်တော့်ရဲ့ Birthday Show ကို ကျွန်တော် Teen တစ်ခုတည်းမသတ် မှတ်ထားပဲနဲ့ ဒီနှစ်မှာ သရဲအိမ်လုပ် မယ်၊ နောက်နှစ် ဆပ်ကပ်လုပ်မယ်။
နောက်နှစ်စက်ရုံကြီးဆောက် မယ်ဆို ပြီးလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တစ် ခုနဲ့မသတ်မှတ်ထားပေမယ့် အခန်းစဉ် လေးခုနဲ့ဖျော်ဖြေမယ်လို့ ရည်ရွယ်ထား ပါတယ်။ နှစ်စဉ်လို ထုံးစံအတိုင်း ကျွန်တော့်ရဲ့ သူငယ်ချင်း Dream Bord က ကိုမောင် မောင်အးက အခု နမူနာပြထားတဲ့ပုံစံငယ်အတိုင်း တည် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
LED Screen နဲ့ Digital ပိုပြီးဆန်တဲ့ ပုံစံတွေနဲ့ တင်ဆက်ဖို့ ရာထားပါတယ်။ ကျွန်တော် ဒီနှစ်မွေးနေ့မှာ အခန်းစဉ် လေးခန်း ကျွန်တော် ရာထားပါတယ်။
အခန်း (၁) အနေနဲ့Indroduction လို့ နာမည် ပေးထားတဲ့ မန္တလေးပရိ သတ်ကို ကျွန်တော့်ရဲ့ Birthaday Show နဲ့ မိတ်ဆက်ပွဲ ဖြစ်ပါတယ်။
အခန်းစဉ် (၂)ကို ကျွန်တော့်ရဲ့ လှပတဲ့ အတိတ်မှာရှိတဲ့ သီချင်းတွေနဲ့ ဖြတ် သန်းခဲ့တဲ့ ဘဝမှာရှိတဲ့ သီချင်းတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။
အခန်း (၃) မှာထူးထူးခြားခြားအနေနဲ့ မန္တလေးတီး ဝိုင်းနဲ့ တွဲဖက်ဖျော်ဖြေမှာဖြစ်ပါတယ်။
အခန်း (၄) ကတေ့ ပရိသတ်တွေရော ကျွန်တော်တို့ရော ပျော်ပျော်ပါးပါး ကခုန်လို့ ရမယ့် ပါတီအစီစဉ်ဖြစ်ပါ တယ်။ ဒီပါတိကို နီယွန်ပါတီလို့ အမည် ပေးထား ပါတယ်။ နီပွန်ဆိုတဲ့ ပါဖော့ မန့်စ်လိုက် တင်တွေနဲ့ တင်ဆက် သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်နဲ့ လက်တွဲ နေကျ ကျွန်တော့်သူငယ်ချင်းတွေက လည်း ကူညီပါဝင် သီဆိုပေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော့် မွေးနေ့ရှိုးနဲ့ ပတ်သက်လို့ပြောချင်တာ ဒီလောက် ပါပဲခင်ဗျာ။အားလုံးကို ကျေးဇူးတင် ပါတယ်ခင်ဗျာ" လို့ဆိုသွားပါ တယ်။
အဲဒီပွဲမှာ စာနယ်ဇင်းများ ဘက် မှ ဆရာဦးမြတ်ခိုင်က အမှတ်တရ စကားပြောကြားခဲ့ရာ "စိုင်းစိုင်း ဟာ အရမ်းရိုးသားပါတယ်။ ဒါကြောင့် လည်း သူ့ကို လူချစ်လူခင် များတာ ပါ"လို့ထည့်ပြောသွားတာကို လည်း ကြားရပါတယ်။ စိုင်းစိုင်းမွေးနေ့ Show ကို လက်မှတ်တစ်စောင် (၈၀ဝ၀)ကျပ်ဖြင့် ရောင်းချပေးသွား မှာဖြစ်ပြီး ပထမဆုံးအယောက် (၁၀ဝ)ကိုတီရှပ်လက်ဆောင်ပေးမယ် လို့သိရပါတယ်။
ဝါဝါကြည်

သူငယ်ချင်းရေ သတင်းလေးဖတ်သွားပါတယ်.....
ReplyDeleteသူ့တို့သီချင်းတွေကိုခံစားလို့မရပါဘူး သတင်းလေးတော့ဖတ်ခဲ့တယ်
ReplyDeleteဟာ မမဂျက်ကလည်းကောင်းပါတယ် :P
ReplyDeleteအခုလိုတင်ပြပေးလို့ ကျေးဇူးတင်ပါ ညီလေးရေ...
ReplyDeleteသတင်းလေးဖတ်သွားပါတယ်.. အကိုတော့ သူ့သီချင်း
တွေနားထောင်လို့ မရဘူး(မကြိုက်တာပါ)...သူသရုပ်
ဆောင်တဲ့ ဇာတ်လမ်းတွေ ကို တော့ ကြည့်ပါတယ်၊ ကြိုက်
ပါတယ်...
ခင်မင်စွာဖြင့်
ရာဇာထွေဒ
အဟီး တူများတွေလည်း ရေးကုန်တော့ အလွမ်းမျောက်လည်း လက်ဆော့ခဲ့မယ်နော် ဧဒင်ရေ.. ဘယ်လိုဆို ဘယ်လိုမှ သူ့သီချင်းတွေ ခံစားလို့မတတ်ပါ။ လူတိုင်းကြိုက်ကြ ပေမဲ့ စံပယ်ချိုနဲ့အတူ အဖော်ရှိတယ်။ အားရှိသွားတယ်။ အလွမ်းမျောက် ခံစားတတ်တဲ့သီချင်းတွေက စိုးလွင်လွင် တို့ ထူးအိမ်သင်တို့ ဗဒင်(ဗေဒင်) ဟောဖို့ဟုတ်ဘူးနော်...အဲတာလေးတွေ။ စိုင်းစိုင်းကတော့ စိုင်းစိုင်းပေါ့နော်..အဟဲ..
ReplyDeleteခင်မင်တဲ့
မကြီးလွမ်း
သတင်း ဖတ်သွားပါတယ်
ReplyDelete