ဧဒင်အချစ်ပုံပြင်: *** နိုင်ငံရေး နှင့် ဘာသာအရေး ခွဲခြားသိပါစေ ***မိတ်ဆွေငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ပါက ပြီးဆုံးအောင်ဖတ်စေချင်ပါတယ်..

Tuesday, 12 June 2012

*** နိုင်ငံရေး နှင့် ဘာသာအရေး ခွဲခြားသိပါစေ ***မိတ်ဆွေငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ပါက ပြီးဆုံးအောင်ဖတ်စေချင်ပါတယ်..


အို… အသင်တို့

သမိုင်းဆိုတာ မဖတ်ချင်လို့ရတယ် ။

ဖျက်ပြင်လို့မရဘူး ။

မြန်မာ့သမိုင်းအကြောင်း ၊ မြန်မာပြည်နိုင်ငံရေးအကြောင်းကိ

မြန်မာပြည်သူပြည်သားတိုင် သိထားသင့်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ နိုင်ငံရေး

 ““ ကိုယ်တစ်ယောက်ထဲအတွက်၊ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး ။


 ကျွန်တော်တို့ထပ်တလဲလဲ ပြောချင်ပါတယ် ။

 နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့ ။

 ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ် ။

လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ ။

 နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့်

နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး ။

 အားလုံးဟာ နိုင်ငံရေးပဲ ။ ”

----->

 သို့သော် နိုင်ငံရေးနှင့် ဘာသာရေးမရောထွေးသင့်ပါ ။

 ယ္ခုစာဖတ်သူထဲတွင် သက်ကြီးရွယ်အို များလဲပါရှိနိုင်သည် ။

 ကျွန်တော်လို့သုံးထားမည် ။ နားလည်ပေးကြပါ ။

 ကျွန်တော်ကိုယ့်ထမင်းကိုယ် ရှာစားသည် ။

 ကျွန်တော်ကို မကျေနပ်သူများ စော်ကားချင်သဘော ဒါပေမယ့်

ကျော်တော့မသွားနဲ့ ဆုံးအောင်ဖတ်ပြီးသုံးသပ်ကြည့်ပါ ။

 ဒီအကြောင်းကို နှစ်သက်မိသူများနည်းပါးမည် ။

ရသည် ကိစ္စမရှိပါ ၊ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း လူသားတိုင်းသိသင့်ပါသည် ။

 ယခုရေးမည့် စာကြောင်းတွင် ဘယ်ဘာသာ ၊ ဘယ်လူမျိုးဟု ခွဲခြားတံဆိပ်ရိုက်နှိပ်မထားပါ ။

 လူသတ္တ၀ါဟု ဆိုလိုချင်သာဖြစ်သည် ။

 မြင့်မြတ်သောလူသားက တရားကျင့်ကြံအားထုတ်ရင် ဘုရားပင်ဖြစ်ကောင်းဖြစ်နိုင်သည် ။

ဤလူသားပင် ကန်းကုန်အောင် ရက်စက်ရုပ်မာသော အပြုအမူကြောင့်

တိရိစ္ဆာန်ထက်ပင် အောက်တန်းကျတက်၏ ။

 လူဆိုတာ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို

ဝေဖန်ပိုင်းခြားတက်မှသာ လူသတ္တ၀ါဖြစ်သည် ။


 ထိုသို့မဟုတ်ပဲ တစ်ချို့သောသူများသည် ရတနာသုံးပါး၏ ဆိုဆုံးမမှုကိုမခံယူပဲ

တစ်ယူသန် ၊ တစ်ကိုယ်ကောင်းဆန်သော ဘယ်သူသေသေ ငတေမာရင်ပြီးရော ။

 တစ်စိတ်ရှိ သက်မယ်ဖြတ်မယ် ငါဘာကောင် ….. ငါကော ကောနေကြသော

သတ္တိနဲ့ မိုက်ရှုးရဲဆန်မှုကို မခွဲခြားတက်သော ဘုရားကို နာမည်သာသိပြီး

တရားကို စိတ်ထဲမရှိသော လူ့တိရိစ္ဆာန်များလဲရှိ၏ ။

ဒါကိုခွဲခြားသိဖို့လို အပ်ပါသည် ။

  ထိုသို့သော လူ့တိရိစ္ဆာန်များကြောင့်သာ ကမ္ဘာကြီး ငြိမ်းချမ်းမှုမရှိခြင်းဖြစ်သည် ။

 ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည် ။

 အမှန်တရားဆိုတာ ဘက်မလိုက်ဘူး ။

ဂျော်ဒါနိုဘရူနိုဟာ အမှန်တရားဘက်ကရပ်မိလို့ မီးရှို့ အသတ်ခံခဲ့ရတယ် ။

ဒါပေမဲ့ ဂျော်ဒါနိုဘရူနို သေသွားတာဟာ အမှန်တရားသေသွားတာ မဟုတ်ဘူး ။

ကျွန်တော်လဲ အမှန်တရားကိုမြတ်နိုးတယ် ။

မတရားလုပ်ခဲ့ရင် ၀ဋ်ဆိုတာလည်မှာပါ ။

 ဘာသာရေးအကြောင်းအနည်းငယ် ဆွေးနွေးရရင်
 မြန်မာနိုင်ငံတွင် ယုံကြည်ကိုးကိုယ်နေထိုင်နေကျသော ဘာသာများမှာ -
 ဗုဒ္ဓ ဘာသာ ( ဗုဒ္ဓ၀ါဒသည် အစဉ်သဖြင့် ဖြစ်တည်ပျက်ဝါဒ ၊ အနတ္တ၀ါဒ ဖြစ်သည် )

 ခရစ်ယာန် ဘာသာ ( ခရစ်တော်၏ မေတ္တာဝါဒ ဖြစ်သည် )

 အစ္စလာမ် ဘာသာ ( ငြိမ်းချမ်းစေခြင်း၊ အမိန့်နာခံခြင်း ၀ါဒ ဖြစ်သည် )

 ဟိန္ဒူဘာသာ  ( ဟိန္ဒူဝါဒသည် အမြဲတည်သည့် နိစ္စ၀ါဒ ၊ သဿတ၀ါဒ ၊ အတ္တ၀ါဒ ဖြစ်သည် )

 အခြားဘာသာ ( အခြားဘာသာဝင်များအကြောင်း ကျွန်တော်မလေ့လာရသေးပါ ) ( စိတ်မကောင်းပါဘူး )

ဆိုလိုတာက ဘာသာတရားအားလုံး၏ အဓိကအနှစ်ချုပ် အဓိပ္ပါယ်က  ငြိမ်းချမ်းခြင်းသာဖြစ်သည် ။


  လက်တွေ့အသုံးချရာတွင် အထက်အယူဝါဒအမည်များ ဟူသည် ဘာသာတရားတစ်ခုဖြစ်၍

ယင်းဘာသာတရားကို သက်ဝင်ယုံကြည်သူ မည်သူကိုမဆို သက်ဆိုင်ရာ ဗုဒ္ဓဖြစ်စေ ၊

ခရစ်ယာန်ဖြစ်စေ ၊ မွတ်ဆလင်မ်ဖြစ်စေ ၊ ဟိန္ဒူဖြစ်စေ သက်ဆိုင်ရာအမည် ဝေါဟာရဟုခေါ်ပါသည် ။

 ထို့ကြောင့် လည်းကောင်းသက်ဆိုင်ရာဘာသာ ဟူသည်မှာ -

မိမိယုံကြည်ရာ ဘာသတရားကို ကိုးကွယ် သူမည်သည့်လူမျိုးမဆိုခေါ်ဆိုခြင်းဖြစ်ပြီး

လူမျိုးတစ်မျိုး ၏ အမည်မဟုတ်ပါ ။ မိမိယုံကြည်ရာသာ ကိုးကွယ်ရာပါ ။

လွတ်လပ်စွာသဘောထားကွဲခွင့်ရှိသည် ။

( အသောကမင်းကြီး၏ ကျောက်စာပိုဒ်


သူတပါးဘာသာကို ဖျက်ဆီးခြင်း၊ ရှုတ်ချခြင်း မပြုရ။

သူတပါးဘာသာကို တရားဖြင့် တိုးတက်ကြီးပွားအောင် ဆောင်ရွက်ခြင်းကို ခွင့်ပြုရမည်။

မကောင်းမှုကိုမပြုမိစေရန် စောင့်စည်းပေးခြင်းမျိုးရှိရမည်

စိတ်ကို ကိလေသာမှ စင်ကြယ်စေရန် ညွှန်ပြနိုင်စွမ်းရှိရမည် ဟူ၍အင်္ဂါလေးချက်ပါရှိသည် ။ )

ယခု နိုင်ငံရေးအကြောင်းလေး နည်းနည်းဆွေးနွေးမယ် ။
ယခုလက်ရှိ မြန်မာပြည် ပြည်တွင်းစစ်မြင်ကွင်းကြောင့်
 မြင်နေတွေ့နေရတဲ့ သတင်းအမှန်ကော ၊ အတင်းအဖျင်းတွေကော ၊
လူမျီုးရေးမုန်းတီးပြီး မသမာသူများ၏ အခြေအမြစ်မရှိသော သတင်းများကော ၊
ဒုက္ခပင်လယ်ထဲရောက်နေကြသောမိသားစုတွေကြောင့် လူသားချင်းကိုယ်ချင်းစာ၍
သူတို့မိသားစုများနှင့်ထပ်ထူ ၀မ်းနည်းကြေကွဲရပါသည် ။
တိုင်းရင်သားအားလုံးစည်းလုံးညီညွတ်စေချင်ပါသည် ။
ပြဿနာအစက -
 ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ကျေငြာချက်မှာ -
၁။ ၂၈. ၅. ၂၀၁၂ နေ့တွင် ဖြစ်ပျက် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊
 ကျောက်နီမော် ကျေးရွာ အုပ်စု၌ ရခိုင် အမျိုးသမီးအား လူမဆန်စွာ မုဒိမ်းပြုကျင့်
 ရာဇ၀တ်မှုကျူးလွန် သတ်ဖြတ် ခံခဲ့ရမှု အပေါ်၊
ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့် များစွာ စိတ်ထိခိုက် ၀မ်းနည်း ကြေကွဲ ရပါသည် ။

၂။ ၃.၆. ၂၀၁၂ နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌
အစ္စလာမ်ဘာသာဝင် ခရီးသွားပြည်သူ (၁၀)ဦးအား ရက်စက်စွာ သတ်ဖြတ်ကျူးလွန်ကြမှုအပေါ် တွင်လည်း
ကျွန်ုပ်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့်
လုံးဝလက်ခံ နိုင်ဖွယ်ရာ ဖြစ်ရပ်မဟုတ်ကြောင်း ရှုမြင်သုံးသပ်ပါသည် ။

၃။ ရန်လိုမုန်းတီးခြင်း၊ ရက်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အစွန်းရောက်
 လွန်းခြင်းများသည် ယဉ်ကျေးသော လူ့အ ဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့်
 ယနေ့ကာလတွင် ခါးခါးသီးသီး လက်ခံနိုင်စရာ မရှိသော အချက်များဖြစ်ပေသည် ။

ဆက်ဖတ်လိုပါက -* ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ ဖြစ်ရပ်နှင့် ပတ်သက်ပြီး RNDP ကျေညာချက် ထုတ်ပြန်သတင်း *

ဒီနေရာမှာပြောချင်တာက

 ( ပြဿနာကို ရှာတဲ့သူ ပြဿနာထဲ ပါတဲ့သူ ပြဿနာမှ လွတ်တဲ့သူ ဘယ်လိုလူ ဖြစ်ချင်သလဲ ။


အပြစ်ကို ကဲ့ရဲ့တာနဲ့ လူကို ကဲ့ရဲ့တာ ခွဲခွဲခြားခြား သိတတ်ကြရင် ကဲ့ရဲ့မှုမှ လွတ်မယ် ။


စကားပြောနေရင်း လူအုပ်ကြားထဲ ဆူးခက်ကြီးကို ဆွဲမသွားပါနဲ့၊

 ဆွဲလာတာ တွေ့ရင်လည်း လွတ်အောင် ရှောင်လိုက်ပါ။


လျှာကို သွားက ကိုက်မိ တတ်တယ်။

 ဒါပေမယ့် ကိုယ့်လျှာ ကိုတော့ သူများရဲ့ သွားက လာပြီး မကိုက်ပါဘူး။


ဓမ္မဒူတအရှင်ဆေကိန္ဒ )

( မှန်သည်ကို မှန်သည့်အတိုင်း လက်ခံပြီး မမှန်သည်ကို တရားနည်း လမ်းအတိုင်း ဖြေရှင်းပြရပါမည် ။

ဆရာတော် ဒေါက်တာအရှင်နန္ဒက )

ဘယ်ဘာသာကမှ ရန်ကို ရန်နဲ့ တုန့်ပြန်ဖို့ အားမပေးဘူး ။

 မေတ္တာတရားကို မဟောတဲ့ ဘုရားလည်း မရှိပါဘူး ။

မီးကိုမီးနဲ့ ငြိမ်းလို့မသေပါဘူး ။ ကြီးမားတဲ့ မီးတောက်သာဖြစ်လာမည် ။

 မိတ်ဆွေတို့ သိကြတဲ့အတိုင်းပဲလေ

ရခိုင် နဲ့ ဘင်္ဂါလီ မတည့်တာအခုမှမဟုတ်

မတူညီတဲ့ ဘာသာရေးယုံကြည်မှု ၊ လူမျိုးရေးကွဲပြားမှု

 ယဉ်ကျေးမှုဓလေ့ထုံးစံ ခြားနားမှုတွေကြောင့် မတည့်တာ အထူးအဆန်းကြီးမဟုတ်တော့ပါဘူး ။

 တစ်အိမ်ထဲနေတဲ့ မိသားစုမောင်နှမတွေတောင် မတည့်ကြတာအများကြီးပါ ။

 ယခုမောင်တောမှာ မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတဲ့ ကိစ္စတွေကိုမလိုလားကြောင်း

မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလဲ မိန့်ခွန်းပြောနေပါတယ် ။

ကျွန်တော်တို့လည်း မသမာသူတွေရဲ့ နိုင်ငံရေးလှည့်ကွက်

နိုင်ငံရေးထောင်ချောက်ထဲမပါမိအောင် သတိထားသင့်ပါသည် ။

 ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း

'' မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး ။

 ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့

ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ် ။

ကျွန်တော်ဖတ်မိသလောက် အကြောင်းလေးပြောရရင်

ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ အတွင်
သမိုင်းအထောက်အထားအရ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာဝင်များ စတင်ရောက်ခဲ့ကြတာပါ ။
 ယနေ့ရှိသောပြည်တွင်နေ မြန်မာမွတ်ဆလင်မ် အားလုံးသည် ဘင်္ဂါလီများ မဟုတ်ပါ ။
( ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma
ဤစာအုပ်တွင် လေ့လာဖတ်သားနိုင်ပါသည် ။ )

လူမျိုးစုတိုင်တွင် သမိုင်းကိုယ်စီရှိကြပါသည် ။

ရှေ့မြန်မာဘုရင်များအမိန့်တော်ရှိသည်က လူမျိုးတစ်ရာ့တစ်ပါးတို့တွင်

 မည်သည့်လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊

မပယ်ဖျက်သင့်ကြောင်း မိန့်တော်မှုခဲ့ပါသည် ။

မည်သည့်ဘာသာ ကိုးကွယ်သူ ဖြစ်စေ မြန်မာနိုင်ငံသားတစ်ယောက်ဟာ
 မြန်မာနိုင်ငံပြည်သူပြည်သား အပေါ်မှာသစ္စာရှိရမယ် ။
တိုင်းတစ်ပါးမှဝင်ရောက် ကျူးကျော်စော်ကားရင်
အမျိုးတူဘာသာတူဖြစ်နေစေကာမှု တွန်းလှန်ဖို့တာဝန်ရှိပါသည် ။

 နောက်တစ်ခုမှတ်ချက်လေးပြုခဲ့ချင်တာကတော့ -
၈၈ ကျောင်းသား အရေးအခင်းဖြစ်ပေါ်ခဲ့တယ် ။
ဒါကို စစ်အာဏာရှင်အစိုးရက မည်သို့မည်ပုံ ဖြေရှင်းခဲ့တယ်ဆိုတာ
 မိဘပြည်သူများသိမြင်ခဲ့ရပြီးဖြစ်ပါတယ် ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အကြောင်းကိုတွေးရအောင်
သူတို့လိုတာက ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ ။
ဒါကိုလဲ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ ၀မ်းနည်းလို့ပြောမထွက်တော့ပါဘူး ။

 စစ်အာဏာရှင်စနစ် နဲ့ အုပ်ချုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီး ။
 ပြည်သူပြည်သားတွေ ဘာကြိုက်သလဲ ၊ ဘာကိုမကြိုက်သလဲ ၊
အားနည်းချက်တွေအကုန်လုံး ခရေစေ့တွင်းကျသိနေပြီးဖြစ်ပါသည် ။
ယခု မြို့လည်ခေါင်းကိစ္စမဟုတ်ပဲ ခေတ်မမှီသေးသောမြို့ပြင်က
 ဧည့်သည်နှင့် အိမ်စောင့်သူ ပြဿနာကို အချိန်မှီမထိန်းနိုင်တာ နိုင်ငံရေးလှည့်ကွက်လို့
စဉ်စားသင့်ပါတယ် ။ အိမ်စောင့်လို့သုံးရခြင်းမှာလဲ တိုင်းရင်သားအားလုံးအပေါ် ရရှိသင့်သည်
အကျိုးအမြတ် တရားမျှတတဲ့အခွင့်အရေးများမပြည့်ဝသေးသည့်အတွက် သုံးရခြင်းဖြစ်သည် ။
ဆက်လက်ပြီး တခြားတိုင်းရင်းသားလူမျိုးအချင်းချင်း
 ပြည်တွင်စစ်အနိဌာရုံတွေ သွန်ချလိုက်သလို
 မြန်မာပြည်တစ်ခုလုံး မျက်ရည်တွေထဲမနှစ်ရအောင်
 ကြိုတင်ကာကွယ်သင့်ပါကြောင်းအကြံပေးချင်ပါတယ် ။

 ကမ္ဘာနိုင်ငံလူမျိုးစုတွေကြားထဲမှာ မြန်မာတွေကြီးကျယ်သင့်ပါတယ် ။
ကျွန်တော်ဆိုလိုတဲ့ ကြီးကျယ်ခြင်းဆိုတာ သဘောထားကြီးပြီး
အသိအမြင်ကျယ်ရမည်ဟုဆိုလိုသည် ။
ကန့်တော့ပါ လောဘဒေါသကြီးပြီး ၊ -င်ခေါင်းကျယ်ရမည်ဟု အဓိပ္ပါယ်မရပါ ။

ဒီခေတ်မှာ တစ်ကမ္ဘာလုံးနီးပါက ငြိမ်းချမ်းရေးအတွက် ကျိုးပမ်းနေကြတာပါ ။
 လူသားချင်း စာနာထောက်ထားရမယ် ၊ လူ့အသက်ကိုတန်ဖိုးထားရမယ် ။
 ဒီမိုကရေစီဆိုတဲ့ အဓိပ္ပါယ်က ကျယ်ပြန့်ပါတယ် ။
 တရားမျှတတဲ့ ပြည်သူ့အင်းအားလို့လဲ မှတ်ယူသင့်ပါသည် ။
 ဒီအတွက်ကြောင့် နိုင်ငံတစ်နိုင်ငံမှာ မျှတတဲ့တရားဥပဒေရှိရမယ် ။
ပြီးတော့ ငြိမ်းချမ်းရေးဆိုတာအရေးကြီးလိုအပ်ပါတယ် ။
 တိုင်းပြည်တစ်ခုမှာ တည်ငြိမ်းအေးချမ်းမှုဆိုတာရှိရမယ် ။
 ကျွန်တော်ရေးသားမူမှာ ရှိုင်းစိုင်းသော အရေးအသား အတွေးများပါခဲ့ရင်
နားလည်ခွင့်လွတ်ပေးပါ ။ မြန်မာပြည်၏ ရှေ့ရေးအကြောင်းကိုတွေမိပြီး
အခုရက်ပိုင်း ကောင်းကောင်းစားမ၀င် အချိန်မှန်အိပ်မပျော်ဖြစ်နေရပါသည် ။
ကိုယ့်အပြောအဆို ကိုယ့်ရေးသားမှုကို ကိုယ်တာဝန်ယူရမည် ။
 ကျွန်တော် မြင့်မြတ်အာကာ တာဝန်ယူပါသည် ။
 နိုင်ငံရေးအကြောင်းဘာသာရေးအကြောင်း သိသလောက်အနည်းငယ်လေးပြောမိလို့
သက်ဆိုင်ရာ အာဏာပိုင်များက ဥပဒေအရ
 အရေးယူမည်ဆိုပါက ဤကဗျာလင်္ကာလေးသာဆိုသွားချင်ပါ၏ ။

*မျက်ဖြေလင်္ကာ*
------------------------

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ ၊
သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ...

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ၊
ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား ၊
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း ...

ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း ၊
မလွတ်ကြမ္မာ လူတကာတို့
ခန္ဓာခိုင်ကျည် အတည် မမြဲ ဖေါက်လွှဲတတ်သည် ၊
မချွတ်စသာ သတ္တ၀ါတည်း ...

ရှစ်ခိုးကော်ရော် ၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏ ၊
ခိုက်ကြုံ ဝိပါက် သံသာစက်၌ ၊
ကြိုက်လတ်တုံမူ တုံ့မယူလို ၊
ကြည်ညိုစိတ်သန် သခင်မွန်ကို ၊
ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏ ၊
သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း ... ...

မျက်ဖြေလင်္ကာ
အနန္တသူရိယအမတ်ကြီး (မြန်မာသက္ကရာဇ် ၄၇၃ - ၅၃၅)

 ကျွန်တော်အရေးအသားများသွားပြီး မိသားစုစားဝတ်နေရေးအတွက်
အလုပ်ဆက်ကြိုးစားရအုံးမည်ဖြစ်၍
 မိတ်ဆွေများအားလုံး ခွင့်ပြုပါဟု နှုတ်ဆက်ရင်
 မြန်မာပြည်ကြီးကို အေးချမ်းသာယာစေချင်သူ “မြင့်မြတ်အာကာ ခေတ္တလူ့ပြည် ”

မိတ်ဆွေငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ပါက မျှဝေပေးကြပါ ။

“ စာဖတ်သူအား ထားဝစဉ်လေးစားလျက် “
by- facebook / Myint Myat Ar Kar..ပြန်မျှဝေလိုက်ပါတယ်ဗျာ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...