ဧဒင်အချစ်ပုံပြင်: ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး

Monday 25 June 2012

ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး

ကမ္ဘာ့ အကြီးဆုံး သုတေသန ဌာန ဖြစ်သည့် နာဆာ (National Aeronautics and Space Administration (NASA)တွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိကြောင်း နာဆာဂြိုလ်တု မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ အဖိုးတန်တွင်းထွက် သိုက်ကြော များကို ရှာဖွေပေးနေသူ ဘူမိဗေဒ ပါမောက္ခ (အညိမ်းစား) ဦးစိုးသိန်းက the voice weekly သို့ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှုး ဦးသန့် လက်ထက်မှ စတင်၍ မြန်မာပညာရှင် အမြောက်အများသည် မိမိတို့ သင်ယူတက် မြောက်ထားသော ပညာရပ်များမှာ မြန်မာနိုင်ငံတွင် အသုံးချရန် မကိုက်ညီသဖြင့် ပြည်ပသို့ထွက်ခွါခဲ့ကြပြီးအာကာသသိပံ ပညာ အပါအဝင် နျူကလီးယား နည်းပညာများ တက်မြောက်ထားသော မြန်မာ ပညာရှင်များအနေဖြင့် နာဆာတွင် အလုပ် လုပ်ကိုင်လျှက် ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် ပညာရှင်များ ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ အမိနိုင်ငံတိုး တက်ရေး အတွက် ပြန်လာရန် မေလ ၁၁ ရက်နေ့က ဒုတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်ခဲ့သည်။

"ဒီမှာ ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး" ဟု လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေနေအရ အဆိုပါ ပညာရှင်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲပါးကြောင်း ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ၎င်း၏ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသည်။

NASA တွင် အာကာသသိပံပညာ လေ့လာမှု သာမက ဆေးပညာ၊ ဇီဝဗေဒ၊ သိပံပညာနှင့် ဆိုင်သောပညာရေးတိုးတက်မှု များ၊ ကမ္ဘာ့မိုးလေဝသ၊ ဘူမိဗေဒ၊ နျူကလီးယား စွမ်းအင် သုတေသနက အစ လေ့လာ လုပ်ကိုင်ကြကြောင်း၊ ယင်းအပြင် အခြားအခြားသော အစိုးရ သုတေသနများ ဖြစ်သည့် National Institute of HealthN/H၊ အမျိုးသား ပင်လယ်ပြင်နှင့် မိုးလေဝသဗေဒ အဖွဲ့စသည့် အစိုးရအဖွဲ့ ပေါင်းစုံအပြင် ပုဂ္ဂလိက စက်မှု လုပ်ငန်းကြီးများ ဖြစ်သော Boeing၊ Rockwell Internatoinal တို့နှင့်လည်းကောင်း၊ ကမ္ဘာ့ နာမည်ကြီးဆေးရုံကြီးများဖြစ်သည့် Cleueland Clinic, Mayo Clinic တို့နှင့် လည်းကောင်း၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အများအပြားကို ထောက်ပံ့ကြေး ပေးလျှက်သု တေသနလုပ် ငန်းများစွာကို လုပ်ကိုင်နေကြောင်း နာဆာတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသော မြန်မာလူမျိုး အာကာသ သိပံ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောကြားသည်။

နာဆာတွင် သိပံပညာရှင်ပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အိန္ဒိယ ပညာရှင် ၃၂ ရာ ခိုင်နှုန်းခန့် အလုပ်လုပ်ကိုင်လျက် ရှိကြောင်း ယင်းသုတေသန ဌာန၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

from ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...