ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ
မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။
ဆေးရုံကို အနုပညာမောင်နှမတွေလည်း လာရောက်ကြသလို၊ ပရိသတ်တစ်ဦးကလည်း
ဘန်ကောက်မှာ ဆေးကုသဖို့အတွက် အကုန်အကျခံကာ ကုသပေးမှာဖြစ်တာကြောင့်
မတ်လကုန်မှာသွားရောက်မယ်လို့ သိရပါတယ်။ ” စစ်ကိုင်းမှာ ဝေဠုကျော်၊
ခိုင်နှင်းဝေတို့နဲ့ “မအိမ်စည်”ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊
ဖေဖော်ဝါရီ၁၇ရက်နေ့က အသက်၅၉နှစ် ပြည့်မွေးနေ့ဆိုတော့ သောက်ခဲ့တဲ့အရက်ကို
အဲဒီနေ့မှာတုံးတိဖြတ်လိုက်တာ။ မနက်ကျတော့ နေထိုင်လို့မကောင်း တာနဲ့
ဆရာဝန်သွားပြတာ။ အသည်းလည်းရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။
အရက်ပြတ်တာက နည်းနည်းချင်းစီဖြတ်မှ
သူက
ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကုသပေးချင်တယ်လို့
ပြောတယ်။ အဲဒါနဲ့ တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်တော့သွားရင်ပို
ကောင်းတယ်ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့အတူသွားဖြစ်မယ်။အခု ရက်ပိုင်းတော့
သက်သာလာပါပြီ။ ကံပေးသလောက်တော့ နေရဦးမှာပေါ့။ ကုသပေးမယ့်ပရိသတ်ကိုလည်း
ကျေးဇူးတင်ပါတယ်။ဒီလောက်ထိ အနုပညာသမား အပေါ်လေးစားလိမ့်မယ်ဆိုတာ
မသိခဲ့ဘူး။စိုးရိမ်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့
ပြောပြခဲ့ပါတယ်။
မေမွန်မောင်-Popular Myanmar
No comments:
Post a Comment