ဧဒင်အချစ်ပုံပြင်: သန်လျင်မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

Thursday, 28 June 2012

သန်လျင်မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

 လူနှစ်ဦးသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော သန်လျင်မြေပြိုကျ မှုသည် ယနေ့(ဇွန်၂၈)ရက်အထိ မိုးသည်း ထန်စွာ ရွာသွန်းနေ မှုကြောင့် မြေပြိုကျမှုများဆက်လက်ဖြစ်ပေါ် နေကြောင်း ရပ်ကွက်နေပြည်သူ များ ထံမှ သိရသည်။သန်လျင်မြို့နယ်၊ ဒါရ်ဂါရပ်ကွက်၊ ကန်သာယာ(၁)လမ်းရှိ ကန်တော်အ ရှေ့တောင်ပေါ်ပိုင်း နေအိမ်များ တွင် ဇွန်(၂၇)ရက် နေ့ခင်း၁၂နာရီကျော် ခန့်ကမိုးဆက်တိုက် ရွာသွန်းမှုကြောင့် တောင်မြေပြို ကျကာ နေအိမ် အတွင်း အိပ်နေသည့် မိသားစုလေး ဦး အနက် ဖခင်နှင့်သမီးဖြစ်သူတို့မှာ မြေပိသေ ဆုံးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းကန်တော်ရှေ့တောင်ပေါ်ပိုင်း တွင် မြေများသည် ဆက်လက်ပြို ကျနေပြီး တောင်ခြေကပ်လျက်ရှိ သည့်အိမ်များတွင်နေထိုင်သူများ သည်ယခုအခါ ရွှေပြောင်းနေထိုင် လိုကြ ကြောင်း ယင်းနေရာအနီးတွင် နေထိုင်သည့် ဒေါ်သူဇာကပြောသည်။
ယင်းတောင်ခြေကပ်လျက်ရှိ သည့် အိမ်သည် အိမ်ခြေ ၂ဝခန့်ရှိ ပြီး တောင်ပေါ်တွင် အိမ်ခြေ ၅၀ ကျော်ခန့်ရှိကြောင်း သိရသည်။

''ဒီတောင်ကုန်းပေါ်မှာ အိမ် တွေက ကိုယ့်ဘာသာကိုယ်ဆောက် ရတာ။ မြေကွက်ကတော့ ပိုင်ရှင်ဆီ ကနေ တစ်လ ၅၀၀ဝနဲ့ ၁ဝလစာ ချုပ်ပြီးငှားရတာ။ အခုဆို ကျွန်မတို့ ဒီမှာနေတာ လပိုင်းဝန်း ကျင်လောက် ပဲရှိသေးတယ်။ ဒီနေရာကပြောင်း ချင်ပေမယ့် ပေးထားတဲ့ ပိုက်ဆံက တော့ပြန်မရဘူးပေါ့။ ညပိုင်း ကို သူ များတွေဆီမှာ သွားအိပ်ပါတယ်။ နေ့ ပိုင်းပဲ ဒီမှာလာစောင့်နေတာပါ။ အိမ် ထဲကိုပြိုကျလာ တဲ့မြေတွေ ကို ကျွန်မ တို့ဘာသာပဲ ဖယ်ထုတ်နေရတယ်'' ဟု ဒေါ်သူဇာကပြောပြသည်။

ယင်းဖြစ်စဉ်နဲ ပတ်သက်၍ ယင်းနေရာအနီးတွင်နေထိုင်သူတစ် ဦးက''မြေကအရင်နှစ်တွေကလဲမိုး ရွာရင်ပြိုခဲ့တယ်။ အဲဒီလောက်တော့ မဆိုးဘူး။ အခုကျတော့ အမှုမဲ့အ မှတ်မဲ့ဖြစ်လို့ပိုဆိုး တာထင် ပါတယ်။ အခုတော့ တောင်အောက်ကော၊ တောင်ပေါ်ကော နေတဲ့သူတွေအား လုံးက ဂရုစိုက် နေကြ ပါတယ်''ဟုပြော သည် ။

မြေပြိုမှုဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သည့် သားအဖနှစ်ဦးအား ချက် ချင်းသန်လျင်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းနေ့မှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

''အဲဒီနေ့ဖြစ်စဉ်က သေသွား တဲ့မိသားစုမှာ အဖေလုပ်တဲ့သူက ဝက်ရှော့လုပ်တာ။ အဲဒီနေ့ကမိုးရွာ နေတဲ့အတွက် အလုပ်မသွားပဲအိမ် ထဲမှာ မိသားစုတွေအိပ်နေတဲ့အချိန် ဖြစ်တာ။ သမီးတစ်ယောက်နဲ့ အမေ နဲ့က ခွဲအိပ်တာ။ ကျန်သမီးအငယ် မနဲ့ အဖေလုပ်တဲ့သူက အတူတူအိပ် နေတဲ့အချိန်မှာဖြစ်တာ။ လေးယောက် လုံးအတူတူ အိပ်ရင် မလွယ်ဘူး'' ယင်း အိမ်အနီးနေ ဦးအေးကိုကပြောသည်။
 ထင်လင်းအောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...