ဧဒင်အချစ်ပုံပြင်: "Touch Me "( ပွတ်ချင်သူများအတွက်)

Thursday, 28 June 2012

"Touch Me "( ပွတ်ချင်သူများအတွက်)



ပွတ်ချင်သူများအတွက်ပွတ်ချင်သူများအတွက်ဆိုလို့ တစ်ခြား ဟုတ်ပါဘူး။ အင်ကြင်းပင်ကြီးတွေ နှစ်သန်းပေါင်းများစွာ မြေကြီး အောက်ထဲမှာ နှစ်မြုပ်နေရာကနေ ကျောက်ဖြစ်လာတဲ့ အင်ကြင်းကျောက်ပါ။ ၄င်း အင်ကြင်းကျောက်ကို ထိတွေ့ကိုင်တွယ် ပွတ်သပ်လို့ရှိရင် ကျောက်မှာရှိတဲ့ အစွမ်းသတ္တိကြောင့် အသက်ရှည်ပြီး ကျန်းမာစေတယ်။


ဘဝတွင် အောင်မြင်မှုများကို ရရှိစေနို်င်တယ်လို့ ရှေးလူကြီးသူမများက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့မသိ.. အင်ကြင်းကျောက်ကို တရုတ်တွေကတော့ အိမ်တွေမှာ အမြတ်တနိုး ဆောင်ထားလေ့ ရှိကြပါတယ်။ မြန်မာပြည်က အင်ကြင်းကျောက်တွေလည်း တရုတ်တွေဝယ်လို့ ကုန်သလောက်ရှိပါပြီ။

ဒီပုံကတော့ ပြင်ဦးလွင် ကန်တော်ကြီးထဲက Rock Garden ထဲမှာ ရိုက်ခဲ့တာပါ။ ပွတ်ချင်သူများ၊ စီးပွားလာဘ်လာဘ ဖြစ်ထွန်းလိုသူများ ဆောင်ထားနိုင်ကြပါတယ်နော်။

အစိမ်းရောင် လွင်ပြင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...