ဧဒင်အချစ်ပုံပြင်: Humperdinck ရဲ့ ပထမဆုံး မြန်မာနိုင်ငံ Live Show

Wednesday, 27 June 2012

Humperdinck ရဲ့ ပထမဆုံး မြန်မာနိုင်ငံ Live Show

ဓာတ်ပုံ- The Guardian
ကမ္ဘာကျော် အဆိုတော်ကြီး Engelbert Humperdinck မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်မယ့် Live Show ကို ဇူလိုင် ၁၁ ရက်နေ့ အမျိုးသား က ဇာတ်ရုံကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တေးရေးဆရာ မြင့်မိုးအောင်ကတော့ အခု ဒီအဆိုတော်ကြီးဟာ ပရိသတ်အတွက် အသက်ကြီးနေပြီ လို့ ပြောကောင်းပြောနိုင်ပေမယ့် တကယ့် ဂန္တ၀င် တေးသီချင်းတွေ နှစ်သက်သူများ မလွတ်တမ်း အားပေးသင့်တဲ့ ဂီတပွဲ တခုဖြစ်ပါတယ် တဲ့။




ဝင်ကြေးတွေကတော့ ကျပ် ၁ သိန်း အမြင့်ဆုံး ဖြစ်ပါတယ် တဲ့။

ဒီအဆိုတော်ကြီးဟာ အသက် ၇၅ နှစ် ရှိပါပြီ။ သူ့နာမည် အရင်းကတော့ Arnold George Dorsey ဖြစ်ပါတယ်။

သူဟာ ၁၉၆၇ ခုနှစ်လောက်က အလွန် နာမည်ကြီးတဲ့ သီချင်းတွေနဲ့ ဥရောပမှာ ထင်ရှားသူပါ။ ဓာတ်ပြား သန်း ၁၅၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ထင်ရှားတဲ့ နှုတ် စကားကတော့ 'I want the nation to get behind me,' ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...