ဧဒင်အချစ်ပုံပြင်: မျက်နှာတွင် ထွက်လာသော အကျိတ် ခုနစ် ခုကြောင့် ထူးဆန်းသော သတ္တဝါနှင့် တူနေ

Sunday 24 June 2012

မျက်နှာတွင် ထွက်လာသော အကျိတ် ခုနစ် ခုကြောင့် ထူးဆန်းသော သတ္တဝါနှင့် တူနေ

  By Good Health

တရုတ်နိုင်ငံမှ ကလေးနှစ်ယောက် အမေ အမျိုးသမီး တစ်ဦးသည် သူ၏မျက်နှာတွင်
လွန်ခဲ့သည့် ၁၀ နှစ်မှစ၍ အကျိတ်ခုနစ်ခု ထွက်ပေါ်ကြီးထွားလာသောကြောင့် ထူးဆန်းသောသတ္တဝါနှင့် တူနေကြောင်း DM သတင်း ဌာနက ဇွန် လ ၁၁ ရက်နေ့တွင် ဖော်ပြသည်။ လီဟောင် ဖန် (၄၀ နှစ်)သည် မျက်နှာကြီး ဖောင်းကားလျက်ရှိသည့် ရှားရှားပါးပါး ရောဂါကြောင့် လူကြားသူကြား မထွက်ရဲ တော့လောက်အောင် ဖြစ်နေသည်ဟု ဆိုသည်။


သူ၏ ရောဂါကို Chordoma ဟု ခေါ်ပြီး တစ်သျှူးများကို ကြီးထွားစေသည့် အရိုးကင်ဆာအမျိုးအစားတစ်ရပ်ဖြစ် သည်ဟုဆိုသည်။ ၂၀ဝ၁ ခုနှစ်၌ သူ၏ နဖူးတွင် အဖုလေးတစ်ဖု စတင်ဖြစ်ပေါ်လာသော်လည်း ယင်းသည် နာကျင်ခြင်းမရှိသော ကြောင့် လျစ်လျူပြုထားခဲ့သည်ဟုဆိုသည်။ နောက်လေးနှစ်ကြာမှ ဆရာဝန်များက သူ၏မျက်နှာ၌ အကျိတ်ခုနစ်ခု ဖြစ်ပေါ်နေ ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ သို့သော် သူသည် ဆေးကုသရန် ယွမ်ငွေ ၆၀ဝçဝ၀ဝ (အမေရိကန်ဒေါ်လာ ၉၀çဝ၀ဝ) ကို မတတ်နိုင်သောကြောင့် အကျိတ်များကြီးထွားနေသည်ကို သည်အတိုင်း ထိုင်ကြည့်နေခဲ့ရသည်ဟုဆိုသည်။
@Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...