ကျော်နောက်ပိုင်း ပထမဆုံးအ ကြိမ်ပြန်လည်ကျင်းပမည့် ပြည် တွင်း ကာယ အလှမယ်ပြိုင်ပွဲကို ဇွန်လ ၂၃ ရက်တွင် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ (MCC) ၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အိုလံပစ်နေ့ အထိမ်းအမှတ် ကျင်းပမည့် ၄င်းပြိုင်ပွဲတွင် ယခင် က မြန်မာဝတ်စုံ အင်္ကျီလက်ပြတ်၊ အထက်အောက် အရောင်ဆင်တူ ဝတ်စားဆင်ယင်မှုများအား အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်စုံဖြင့် ပြောင်းလဲယှဉ် ပြိုင်ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ကာယ အလှမယ်ပြိုင်ပွဲနှစ်မျိုးဖြစ်သည့် Model Physique နှင့် Fitness Physique ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်အမှု ဆောင်ဒေါ်ရီရီဝင်းကပြောသည်။ " Model Physique ပြိုင်ပွဲမှာ ပထမ
အကျော့ အနေ နဲ့ အကျ င်္ီ လက်ပြတ်၊ ဘောင်းဘီတို၊ အားက စားဝတ်စုံနဲ့ အရင်ပြိုင်ရပါမယ်။ အဲဒီပြိုင်ပွဲဝင်တွေထဲကမှ နောက် ဆုံးဖိုင်နယ်တက်တဲ့ ၅ ဦးကို ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။ Fitness Physique ပြိုင်ပွဲမှာကျတော့ ပြိုင်ပွဲ ဝင်တွေအနေနဲ့Model Physique လိုမျိုးတစ်ခါပြိုင်မယ်၊ ပြီးတော့ မိမိစိတ်ကြိုက် ဝတ်စား ဆင်ယင်မှုမျိုးနဲ့တစ်မိနစ်ခွဲအတွင်း ခွန်အား၊ အမြန်နှုန်း၊ သက်လုံသုံး ခုပါတဲ့ လေ့ကျင့်ခန်းတွေကို တေး ဂီတနဲ့ တွဲဖက်ပြီးတော့စုပေါင်းပြိုင် ပွဲဝင်ကြမှာ ဖြစ်ပါတယ်"ဟု ဒေါ်ရီရီဝင်းကပြောသည်။
၎င်းပြိုင်ပွဲသည် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ ချုပ်အား မြန်မာနိုင်ငံ ကာယကြံ့ ခိုင်မှုအားကစားအဖွဲ့ချုပ်အဖြစ် ပြောင်းလဲပြီးနောက်ပထမအကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲမှ ပဏာမလက်ရွေးစင် များ ရွေးချယ်မည်ဖြစ်ပြီး နိုင်ငံ တကာပြိုင်ပွဲများအတွက် နိုင်ငံ ခြားနည်းပြများဖြင့်လေ့ကျင့်စခန်း သွင်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ချုပ်တာဝန်ရှိသူတစ်ဦးက ဆို သည်။
"အရင်တုန်းက မြန်မာအ မျိုးသမီးငယ်လေးတွေအနေနဲ့ ပြည်တွင်းကာယအလှမယ်ပြိုင်ပွဲ ပြီးသွားရင် သူတို့မှာ ရှေ့ဆက် သွားဖို့ မရှိတော့ဘူး။ ခုကျတော့ သူတို့အတွက်မျှော်လင့်ချက်ရှိလာ ပါပြီ။ ဒီပြိုင်ပွဲကနေ ပဏာမရွေး ချယ် လေ့ကျင့်ပေးပြီး အဖြစ်နိုင် ဆုံး နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူတွေကို ပြည်ပပြိုင်ပွဲတွေကို စေလွှတ်ယှဉ် ပြိုင်စေမှာဖြစ်ပါတယ်"ဟုအထက် ပါတာဝန်ရှိသူက ပြောသည်။ ဇွန်လ ၂၃ ရက်တွင် MCC ခန်းမ၌ကျင်းပမည့် အမျိုးသမီး ကာယအလှမယ်ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီတွင် စတင်မည်ဖြစ်ပြီး ၄င်း ပြိုင်ပွဲမတိုင်မီနံနက်၉နာရီမှစတင် ကာ အမျိုးသား ကာယဗလမောင် ပြိုင်ပွဲ၊ သက်ကြီးအမျိုးသား ကာယ ဗလမောင်ပြိုင်ပွဲများလည်းကျင်းပ သွားမည်ဖြစ်ရာ ပရိသတ်များဝင် ကြေး အခမဲ့ လာရောက်ကြည့်ရှု နိုင်သည်။
ဗိုလ်ဗိုလ်ဝင်း

No comments:
Post a Comment