ဧဒင်အချစ်ပုံပြင်: ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ

Wednesday, 27 June 2012

ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ



ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊အ.ထ.က(၂)ဗဟန်းကျောင်းရှေ့တွင်ထားရှိရင်း   ပျောက်ဆုံးသွားသော အဖိုးတန်အမှိုက်ပုံးအသစ်တစ်လုံးအား ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် ဇွန်လ (၂၅)ရက်နေ့က ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမှိုက်ပုံးမှာဇွန်လ ၁၈ ရက်နေ့ကပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ပတ်တိတိအချိန်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာရေးကော်မတီမှ ရပ်ကွက်များ၌ (၆၆၀)လီတာဆန့် ငွေကျပ် သုံးသိန်း ခွဲတန် အမှိုက်ပုံးများ ချထားပေးပြီး (၅)ရက်အတွင်း အမှိုက်ပုံးအသစ် တစ်လုံးပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက သိရသည်။

 “အမိုက်ပုံးကို အုပ်ချုပ်ရေးမှုးရုံး အနောက်ဘက်မှာ ပြန်ထားခဲ့ တာပါ။ ည(၉း၃၀)မှာဥက္ကဌကအပေါ့သွားရင်းနဲ့ ပြန်တွေ့တာပါ။”ဟု ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိုအမှိုက်ပုံးများသည် နိုင်ငံတော်ဘဏ္ဍာဖြင့် ပြည်ပမှ မှာယူတင်သွင်းသော အမှိုက်ပုံးကြီးများဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် အလုံး(၂၀၀၀)ချထားရာတွင် ရန်ကုန်တွင် (၄၇၀) လုံးရှိသည်။

“ယခင်က အမှိုက်ပုံးများအား ပြည်တွင်းပလက်စတစ်လုပ်ငန်းရှင်များက လှူဒါန်းသော ပလက်စတစ် အမှိုက်ပုံး များဖြင့်သာ ချထားပေးခဲ့ခြင်းဖြစ်သည်။ ထိုပလပ်စတစ်အမှိုက်ပုံး ထားရှိချိန်အတွင်း၌လည်း လူနေထူထပ်သည့် မြို့နယ်များတွင် အမှိုက်ပုံး အများအပြားပျောက်ဆုံးပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်းကိုလည်း သိရသည်။

ဝေယံမိုးဦး(မြစ်မခ) 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...