ဧဒင်အချစ်ပုံပြင်: နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကိုဓားဖြင့် ထိုးသတ်

Wednesday, 27 June 2012

နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကိုဓားဖြင့် ထိုးသတ်

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့နယ် အတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင် အမျိုးသား အား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက် နံနက်၁နာရီခွဲတွင် ဒေါ်ခင်ဝင်း (ခ)ဒေါ်ဝင်းသည် ၄င်း၏ အမျိုးသား ၆၅ နှစ်နှင့်အတူနေ အိမ်အိပ်ခန်းတွင် မျက်နှာချင်းဆိုင် ခုတင်တစ်လုံးစီဖြင့် အိပ်နေခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ အော်သံကြောင့် လန့်နိုးပြီး ခင်ပွန်း ဖြစ်သူရှိရာနေရာသို့ လှမ်းကြည့်ရာ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)က ခင်ပွန်းဖြစ်သူအား လုံးထွေးရိုက်နှက်နေသည်ကို တွေ့ရပြီး
ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းရာ အဆိုပါအမျိုးသားမှာ ၄င်းထံသို့ပြေးလာပြီး သံတုတ်ဖြင့် ရိုက်နှက် ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ၄င်းရိုက်နှက်မှုကြောင့် ဒေါ်ခင်ဝင်းတွင် ဝဲဘက်နားထင် ဖူးရောင်၊ အောက်နှုတ်ခမ်း ဒဏ်ရာများရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ဝဲဘက်နံရိုး ပြတ်ရှ၊ နောက်ကျောတွင် ဓားတန်းလန်းစိုက်ဝင်နေသဖြင့် ခင်ပွန်းဖြစ်သူအား မှော်ဘီဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်။
ပြစ်မှုကျူးလွန်သူ အမည်မသိ အမျိုးသားအပေါ် အရေးယူပေးရန် ဒေါ်ခင်ဝင်းက တရားလိုပြုတိုင်တန်းထားကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီရဲစခန်းက(ပ)၄၁၆/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအမျိုးသားအား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း သိရသည်။
ဘုန်းမြတ်
Venus News Journal

1 comment:

  1. စိတ်ညစ်စရာတွေပါလား။
    အမြဲတမ်း သတ်တယ် လုတယ်။
    အဟင့်..ကြားရ နားမချမ်းသာ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...