
အိန္ဒိယအဖွဲ့တစ်ဖွဲ့သည် အလွန်ထူးဆန်းသော ပြကွက်များကို တင်ဆက်လျက်ရှိရာ
ယင်း၌ ကားကြိတ်ခံခြင်း၊ တစ်ဦးနှင့်တစ်ဦး ဦးခေါင်းများဖြင့်ချိတ်ဆွဲခြင်း၊
မီးချောင်းများကို ၀ါးစားခြင်း၊ ဓားဖြင့်ခုတ်ခြင်းနှင့်
အချွန်အတက်များဖြင့် ထိုးဖောက်ခြင်းတို့ ပါဝင်သည်ဟုဆိုသည်။ ဘာခယ်ဆာဟု
အမည်ပေးထားသော အဆိုပါအဖွဲ့သည် ပန်ဂျပ်ပြည်နယ်၏ ကျေးလက်ဒေသရွာများတွင်

လယ်ကွင်းများအတွင်း ၎င်းတို့၏ပြကွက်များကို တင်ဆက်လျက်ရှိသည်ဟုဆိုသည်။
ယင်းအဖွဲ့သည် ဆစ်ခ်လူမျိုးတို့၏ ကိုယ်ခံပညာဖြစ်သော ဂတ်ကာအပေါ် အခြေခံကာ
ယင်းပြကွက်များကို ပြသခြင်းဖြစ်သည်။ အဆိုပါကိုယ်ခံပညာသည် ဆစ်ခ်လူမျိုးများ
အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသည့် ပညာဖြစ်ပြီး ဆစ်ခ်လူမျိုးများသာ
ပြသခွင့်ရှိသည်ဟုဆိုသည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၄၅၀
ဦးခန့်ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၁၀နှစ်သား ကလေးမှသည် ၃၄နှစ်အရွယ်ထိ
ပါဝင်သည်ဟုဆိုသည်။
by swesonemedia
No comments:
Post a Comment