ဧဒင်အချစ်ပုံပြင်: မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ

Friday, 29 June 2012

မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ



Myt2
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်
မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားကွင်းအနောက်ဘက် လ၀ကရုံးလမ်း စမားဒူးဝါးဆင်ဝါးနောင် အုတ်ဂူ နောက်ကျောလမ်းကြားတွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်းအား အသင့်အတင့်ရှိ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဖေါက်ခွဲသူကိုယ်တိုင် ညာလက်ပြတ်၊ မျက်နှာတစ်ခုလုံး ပျက်စီးကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ 

Myt1
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်


အဆိုပါ ဗုံကို ဖေါက်ခွဲခဲ့သူသည် မီးသတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး လိုင်စင်မဲ့ဆိုင်ကယ်ကို စီးနင်းကာ ဖေါက်ခွဲခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ သေဆုံးသူ၏ ကိုယ်ရေးအကျဉ်းကို စုံစမ်းနေကြောင်း သတင်းရရှိပါသည်။
Eleven Media Group:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...