အသက် ၆၂ နှစ်ရှိသူ လီကိုဟူနန်ခရိုင်၊ ရှောင်ယန်းမြို့တာရှန် (Daxi ang) (Zhao Baozhu) အဆိုပါ မစ္စတာလီ သေဆုံး သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုယ့် ကိုယ်ကိုယ်သတ်သေခဲ့သည် ဟု သံသယရှိကြောင်း ရဲကထုတ် ဖော်ခဲ့ပြီး၊ မိသားစု၏ခွင့်ပြုချက်မရ ဘဲ လီ၏အလောင်းကို ယူသွားခဲ့ကြကြောင်း ဇောင်က ပြောပြခဲ့ သည်။
“ပြီးခဲ့တဲ့ ညနေကတော့ ကျွန် တော်တို့ အတူတကွရှိခဲ့ကြပါ တယ်။ လီဝမ်ယန်းဟာ ကိုယ့်ကိုယ်
ကိုယ်သတ်သေမယ့် သင်္ကေတတွေတော့ သိပ်မတွေ့ရပါဘူး။ ထူး တော့ထူးဆန်းတယ်ဗျာ။ လီဝမ် ယန်ဟာ စိတ်ဓာတ်ကြံ့ခိုင်မာကျော တဲ့လူ တစ်ယောက်ပဲဗျ။ မိသားစု သဘောမတူဘဲ အလောင်းကိုရဲ က ယူသွားတယ်ဗျ”ဟု ဇောင် ကဆိုသည်။ ရဲက သူ့ဖုန်းကို စောင့်ကြည့် နေမှာကို ကြောက်ပါတယ်ဟု ပြော ရင်း ထပ်မံဝေဖန်ချက်ပေးရန် ဇောင် ကငြင်းဆိုခဲ့သည်။
သေဆုံးသူ လီ သည် မသေဆုံးမီက တီယန်နန်မင် ဒီမိုကရေစီဆန္ဒပြပွဲ ၂၃ နှစ်မြောက် အခမ်းအနားကို ရှေ့ပြေးထောက်ခံ သူများအားတွေ့ဆုံခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များ တွင်ပေကျင်းမြို့လယ်ရှိ လက်နက်မဲ့ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံသားများကို စစ်သားများက ပစ်ခတ်ကြသောအခါ ရက်စက် ကြမ်းကြုတစွာချေမှုန်းခံခဲ့ရကြောင်း လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ကြ ကြောင်း ဖော်ပြခဲ့သည်။
ဆေးကု သဆောင်တွင် လည်ပင်းကို ပတ်တီးစည်းထားပြီး ပြတင်းပေါက် တွင် တွဲလောင်းချိတ်လျက်အနေ အထားဖြင့် လီကို ၄င်း၏ညီမနှင့် ယောက်ဖဖြစ်သူက တွေ့ခဲ့တာဖြစ် ကြောင်း ဟောင်ကောင်အခြေစိုက်၊ တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဗဟိုသတင်းအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
No comments:
Post a Comment