အခု လတ် တလော မဂ္ဂဇင်း ဂျာနယ် တွေ ဓါတ်ပုံ ရိုက်ပေး ဖြစ်တယ်။ အနုပညာ အလုပ်တွေ တော့ လုပ်တော့ လုပ်နေတယ်။ ဘယ်လို ဖြစ်လာ မလဲတော့ မသိ သေးဘူး။ ကိုယ်က မော်ဒယ် ပိုင်းမှာ Still ကို ပိုကြိုက် တယ်။ ကျန်တာ ကတော့ အခွင့်အရေး ပေးသလိုပါပဲ။ ကိုယ့် ကိုယ်ကိုယ်တော့ အားမရ သေးပါဘူး။ ရှိုးပွဲ တွေတော့ လျှောက်ဖြစ်တယ်။ ရှိုးပွဲနဲ့ အမှတ် တရဆိုရင် Bossini ရှိုးပွဲမှာ ချော်လဲတယ်။ အဲဒါ တစ်ခါမှ မဖြစ်ဖူး တဲ့ ပထမဆုံး ချော်လဲတာပဲ
။ အဲဒီ အချိန်တုန်းက သေရော ဆိုပြီး စိတ်ညစ် သွားတယ်။ ဒါပေမဲ့ ပြန်ထပြီး ခပ်တည် တည်နဲ့ ပြန်လျှောက် တာပဲ(ရယ်လျက်)၊ စစ ဝင်ဝင်ချင်းမှာ ဗုန်းကနဲ ချော်လဲတာပဲ၊ ကိုယ့်ရဲ့ လမ်းတွေ ပွင့်လာ ပြီလား ဆိုတာတော့ မသိဘူး။ အနုပညာ လမ်းကြောင်းမှာ ဆက်လုပ် သွားမှာက ကြော်ငြာ တွေနဲ့ Photo Model ပါပဲ။
MTA

No comments:
Post a Comment