ဧဒင်အချစ်ပုံပြင်: ကလို့ထူးဘောဒီကေဘီအေ အဖွဲ့ကုတင် ၂၀ ဆန့်ကျေးလက်ဆေးပေးခန်းတစ်ခုဖွင့် (3 photos)

Monday 2 July 2012

ကလို့ထူးဘောဒီကေဘီအေ အဖွဲ့ကုတင် ၂၀ ဆန့်ကျေးလက်ဆေးပေးခန်းတစ်ခုဖွင့် (3 photos)



မဲဆောက်၊ဇူလိုင် ၂
ဒေသအတွင်းရှိပြည်သူများအတွက် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် ကုတင် ၂၀ ဆန့် ကျေးလက်ဆေးပေးခန်းတခုကို ကလို့ထူးဘောဒီကေဘီအေ အဖွဲ့က ကရင်ပြည်နယ်မြ၀တီခရိုင်ဝေါ်လေဒေသရှိ တာအုပ်ထာ့ကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း BMA (ပြည်ပ)အဖွဲ့၏
ပံ့ပိုးမှုဖြင့်စနေနေ့ကဖွင့်လှစ်ခဲ့သည့် ဆေးခန်းကိုကလို့ထူးဘောဒီကေဘီအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်နှင့်ဒေသ
အခြေစိုက် စကခ ၁
၉ နည်းဗျူဟာ ၁ မှ ဗျူဟာမှူးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဒီကေဘီအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်က"ဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုတွေကိုကျန်းမာရေးဆိုင်
ရာ စောင့်ရှောက်မှုပေးဘို့အတွက် ဒီဆေးခန်းကိုဖွင့်လှစ်ပေးရတာဖြစ်တယ်"ဟုအဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ မြ၀တီခရိုင်ဝေါ်လေဒေသ
တွင် တာအုပ်ထာ့ဆေးခန်းအပါအ၀င် ကလို့ထူးဘောဒီကေဘီအေအဖွဲ့မှဖွင့်လှစ်ထားသည့် ဆေးရုံနှင့်ဆေးပေးခန်း ၅ ခုရှိသည်ဟု အဖွဲ့၏ ဆေးမှူးချုပ်စောထွန်းမြင့်အောင်ပြောကြားပြီး လက်ရှိတွင်ဒေသအတွင်းရှိရွာပေါင်း ၂၀ ကျော်မှ ဒေသခံလူထု ၈၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟုဆိုသည်။ ရဲရင့်မောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...