ဧဒင်အချစ်ပုံပြင်: ကျပ်နှစ်သိန်းခွဲဖြင့် CDMA 800 MHz ဖုန်းများ ထုတ်ပေးရန်စီစဉ်

Monday 2 July 2012

ကျပ်နှစ်သိန်းခွဲဖြင့် CDMA 800 MHz ဖုန်းများ ထုတ်ပေးရန်စီစဉ်

ယခင်က ကျပ်ငါးသိန်းဖြင့် ထုတ်ဝေပေးလျက်ရှိသော CDMA 800 MHz ဖုန်းများကို ယခုလ ဇူလိုင် လဆန်းပိုင်းမှစ၍ တန်ဖိုးနည်းဖုန်းများကဲ့သို့ ကျပ်နှစ်သိန်းခွဲဖြင့် ထုတ်ဝေပေးသွားဖို့ရှိကြောင်း သိရသည်။
ယခင်က အဆိုပါဖုန်းများက ကျပ်ငါးသိန်းဖြင့် ဖုန်းအလုံးရေ သုံးသိန်းဝန်းကျင် ချထားပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ယခုအခါ (၀၉၇၃၀….) (၀၉၇၃၁….)အစရှိသော နံပါတ်များဖြင့် စသော CDMA 800 MHz ဖုန်းများကို ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချဖို့စီစဉ်နေတာဖြစ်ကြောင်း သိရသည်။

CDMA 800 MHz ဖုန်းများ၏ အင်တာနက်လျှောက်ထားမှုကို ဇွန်လ(၁၂)ရက်နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ရာတွင် လျှောက်ထားခနှုန်းထားကို ကျပ်တစ်သောင်း ၊ သုံးစွဲခအတွက် တစ်မိနစ်လျှင် လေးကျပ်နှုန်းသတ်မှတ်ကာ ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
Source :  MRTV4

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...