ဧဒင်အချစ်ပုံပြင်: အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

Friday, 20 July 2012

အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

ဒုတိယဗိုလ်ချုပ်မှူး ကြီး ဟောင်း ဦး မောင် အေး

စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ မြန်မာ့တပ်မတော် ဒုတိယအကြီးအကဲနဲ့ စစ်အစိုးရအဖွဲ့ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ကောင်းမွန်လာပြီ လို့ မြန်မာ တပ်မတော် ဆေးတပ် အသိုင်းဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က ဂေါက်သီးရိုက်နေစဉ်မှာ ကျန်းမာရေးဆိုးရွားလာတဲ့အတွက် နေပြည်တော် တိုက်ချောင်း တပ်မတော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပြီး ၉ ရက်နေ့ ညနေ့ပိုင်းမှာ စင်ကာပူနိုင်ငံကို ပို့ဆောင်ခဲ့ရတာပါ။

ဦးမောင်အေးဟာ အသည်းခြောက်ရောဂါ (Liver Cirrhosis) ခံစား နေရတယ်လို့ တပ်မတော် ဆေးတပ် အသိုင်းအ၀ိုင်းက ပြောပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ ၁၉၅၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် မတ်လအထိ ၅၅ နှစ်လောက် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်တက္ကသိုလ် ပထမ အပတ်သင်တန်းဆင်းခဲ့သူလည်း ဖြစ်ပါတယ်။ တပ်မတော်ထဲမှာတော့ လက်တွေ့ကျသူအဖြစ် လူသိများပါတယ်။

တပ်မတော်က အငြိမ်းစားယူပြီးကတည်းက ဇာတိ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ သာသနာ့ဘောင် ခေတ္တ၀င်ခဲ့ပြီးတော့ ပြင်ဦးလွင်မြို့မှာ စိုက်ပျိုးရေးလုပ်နေတာလို့ ကြားသိရပါတယ်။

from Democratic Voice of Burma by မင်းလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...