စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို
လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့်
thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download
လုပ်ခဲ့ပါတယ်။
တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့်
ထို thumbdrive ကို ဖွင့်ကြည့်မိရာမှ ထိုထဲမှာရှိနေသည့်
သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရသည့်အတွက်
တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း
ယင်းအဖြစ်ကို ရဲတိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။
၂၀၁၀ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက်
ပထွေးဖြစ်သူအား ထောင်သုံးလကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း
သိရသည်။
Source : Straitstimes

No comments:
Post a Comment