Thursday, 26 July 2012
အိုလံပစ် လူကြီးတွေ အလံမှား သုံးမိသတဲ့......
၂၀၁၂ ဇူလိုင်၂၅ ရက်နေ့ လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယား အမျိုးသမီးဘောလုံး ကစားသမား Song Hui Kim(ဆောင်ယူကင်)ပုံကိုဖော်ပြရာမှာ တောင်ကိုရီးယားအလံနှင့် မှားယွင်းစွာ ဖော်ပြမိခဲ့
ပါတယ်တဲ့။
ကစားပွဲ မစတင်မီ ကစားသမားများအား ပရိုဂျက်တာတွင် မိတ်ဆက်ခဲ့ရာ မှားယွင်းဖော်ပြခဲ့တာဖြစ်ပြီး ၄င်းဖြစ်ရပ်ကြောင့် မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကန့်ကွက် ခဲ့မှုဖြစ်ပွားခဲ့ပြီး ဘောလုံးပွဲစဉ် ၁ နာရီ ကျော် နောက်ကျသွားခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲ အဖွဲ့အစည်းမှ အကြီးအကဲများက မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းအား တရားဝင် တောင်းပန်ခဲ့ရပါတယ်။ ထို ဘောလုံးပွဲစဉ်တွင် မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအဖွဲ့နှင့် ကိုလံဘီယာ အမျိုးသမီး ဘောလုံးအသင်းတို့ ယဉ်ပြိုင် ကစားခဲ့ရပါတယ်။
၎င်းပွဲစဉ်တွင် မြောက်ကိုရီးယားအဖွဲ့က ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ယူကစားသွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ အနိုင်ရ မယ့် ဂိုးကိုလည်း မှားယွင်းစွာဖော်ပြခံရတဲ့ Song Hui Kim ကဘဲ အနိုင်ဂိုးနှစ်ဂိုးဖြင့် သွင်းယူပေး သွားခဲ့ပါတယ်။
from The Irrawaddy's Blog by အိမ့်သံစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment