ပြီးခဲ့သည့်
စနေနေ့က အသက်(၂၉)နှစ်အရွယ် Philadelphia နိုင်ငံသားတစ်ဦးဟာ လူစိမ်းက
ဆံပင်ညှပ်ခိုင်းတာကို မညှပ်ပေးသဖြင့် ဓါးဖြင့်(၆)ချက်
ထိုးခြင်းခံခဲ့ရကြောင်း သိရသည်။
ဓါးဖြင့် အထိုးခံခဲ့ရသည့် ထိုအမျိုးသားဟာ အခင်းမဖြစ်မီတွင်
အသက်(၆)နှစ်အရွယ် ၎င်း၏သားအား ၎င်း၏နေအိမ်အတွင်း ဆံပင်ညှပ်ပေးနေစဉ် အိမ်ရှေ့မှ
လူစိမ်းတစ်ဦးက ဝင်လာ၍ ၎င်းအား ဆံသ သမား ဟုတ် မဟုတ်မေးရာ မဟုတ်ကြောင်းပြော၍
ထိုလူစိမ်းက ပြန်ထွက်သွားခဲ့ကြောင်း ၊
သို့ပေမယ့် နောက်(၅)မိနစ်အကြာတွင် ပြန်ဝင်လာ၍ ၎င်းအား
ဆံပင်ညှပ်ပေးရန်ဆိုသဖြင့် သားအား ဆံပင်ညှပ်ပေးနေသူက
မညှပ်ပေးနိုင်ကြောင်း ပြောခဲ့ရာ ထိုလူစိမ်းက သေနတ်ထုတ်၍
တိုက်ခိုက်ရန်ပြန်ကြောင်း ၊ ထိုလူအား ပြန်ခုခံရင်း နှစ်ယောက်
ရုန်းရင်းဆန်ခတ်ဖြစ်ကာ ထိုလူစိမ်းက
ပါလာသော ဓါးငယ်ဖြင့် ခြောက်ချက်ထိုး၍
ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ဓါးထိုးခံရသော အမျိုးသားအား ဒေသတွင်း ဆေးရုံသို့ တက်ရောက် ဆေးကုသခံရာ
စိတ်ချရသည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။
Source : Fox News
No comments:
Post a Comment