ဧဒင်အချစ်ပုံပြင်: ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်

Tuesday, 3 July 2012

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်


ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူး မင်းသား ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅ ရက်နေ့တွင် မန္တလေးသို့ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef)မှ ထုတ်ပြန်ထားသည်။
Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှ တစ်ဆင့် မန္တလေးမြို့သို့ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေ ၃ နာရီ တွင် ၄င်း၏ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ မန္တလေး တောင်တော်သို့ လေ့လာလည်ပတ် မည်ဖြစ်ကြောင်း Unicef မှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef )၏ အထူးသံတမန် တစ်ဦးဖြစ်သူ ကမ္ဘာကျော် မင်းသား ဂျက်ကီချမ်းမှာ မြန်မာနိုင်ငံ တွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် လူကုန်ကူးခံရပြီး လွတ်မြောက် လာသည့် ကလေးငယ်များကို အားပေးတွေ့ဆုံရန် လာရောက်ခြင်း ဖြစ်ကြောင်း Unicef မှ သိရသည်။
ဂျက်ကီချမ်းသည် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၊ ၁ဝ-ထပ်၊ Unicef ရုံး၌ ၄င်း၏ အတွေ့အကြုံများကို မီဒီယာ များနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံ သိရသည်။



မောင်တာကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ လွတ်မြောက်လာသည့် ကလေးသူငယ်များကို လာရောက်အားပေးတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျက်ကီချန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၄င်း၏ အတွေ့အကြုံများကို မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်တွင် ဇူလိုင်၇ရက်နေ့ ၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ ကာကွယ်တားဆီးရေး တိုက်ဖျက်ရေး လုပ်ငန်းများကို အာပေးမြှင့်တင်ရန်နှင့် လူကုန်ကူးခံရပြီး လွတ်မြောက်လာသည့် ကလေးသူငယ်များကို အားပေးတွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်။


Ref: Yangon Media Group:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...