ဧဒင်အချစ်ပုံပြင်: “အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသားတစ်ဦးသာ လွတ်မြောက်”

Tuesday, 3 July 2012

“အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသားတစ်ဦးသာ လွတ်မြောက်”


Photo: “အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသားတစ်ဦးသာ လွတ်မြောက်”
 
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသားတစ်ဦး ဇူလိုင် ၃ ရက်နေ့က လွတ်မြောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သာသနာသိပ္ပံကျောင်းမှ ဆရာတော် ၀ီရိယ(ခ) ခင်ဇော်ဝင်း (ခ) တိုက်ကြီးမှာ ၂၀၀၉ ခုနှစ်အတွင်းက စိန်စီသောည VCD နှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်မှုကြောင့် ပုံနှိပ်အက်ဥပဒေ ၁၇/၂၀ ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ဗီဒီယို အက်ဥပဒေ ၃၂(ခ)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ကျခံရသူဖြစ်ပြီး ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက် လာခြင်းဖြစ်ကြောင်း  ဦးဝီရိယ(ခ) ခင်ဇော်ဝင်းက ပြောသည်။
“ရွာပြန်မယ်။ ပြီးရင် သင်္ကန်းပြန်ဝတ်မယ်”ဟု ၄င်းကပြောသည်။
၎င်းမှာ အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ နံ့သာကျေးရွာဇာတိ ဖြစ်ကြောင်း သိရသည်။

မောင်တာမန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသားတစ်ဦး ဇူလိုင် ၃ ရက်နေ့က လွတ်မြောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သာသနာသိပ္ပံကျောင်းမှ ဆရာတော် ၀ီရိယ(ခ) ခင်ဇော်ဝင်း (ခ) တိုက်ကြီးမှာ ၂၀၀၉ ခုနှစ်အတွင်းက စိန်စီသောည VCD နှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်မှုကြောင့် ပုံနှိပ်အက်ဥပဒေ ၁၇/၂၀ ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ဗီဒီယို အက်ဥပဒေ ၃၂(ခ)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ကျခံရသူဖြစ်ပြီး ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဦးဝီရိယ(ခ) ခင်ဇော်ဝင်းက ပြောသည်။
“ရွာပြန်မယ်။ ပြီးရင် သင်္ကန်းပြန်ဝတ်မယ်”ဟု ၄င်းကပြောသည်။
၎င်းမှာ အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ နံ့သာကျေးရွာဇာတိ ဖြစ်ကြောင်း သိရသည်။

မောင်တာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...