မဒေးကျွန်းပန်းထိန်ဆည်ရွာပိုင်
ဆိပ်ကမ်းတွင် တခြားရွာမှ လာရောက်ကာ အရက်ရောင်းချခြင်းနှင့် ဖဲဝိုင်းများ
ပြုနေခြင်းကြောင့် ရွာသားများက သွားရောက်တိုင်းကြားသော်လည်း ရဲများမှာ
ဂရုမှုစိုက်မှုမရှိကြောင်း သိရှိရသည်။
ပန်းထိန်ဆည်ကျေးရွာပိုင် ဆိပ်ကမ်းတွင် ကျောက်တန်းရွာသားဖြစ်သူ
ဦးမောင်ထွန်းဝင်းမှ ငါးပုစွန်ဒိုင်ကို ဘန်းပြကာ မူးရစ်ဆေးဝါးများ
ရောင်းချခြင်းနှင့် လောင်းကစားများပြုလုပ်နေခြင်းကြောင့် ရွာသားများက
ဦးမောင်ထွန်းဝင်းအား မရောင်းချရန်သွားရောက်ဟန့်တားခဲ့ရာ
ဦးမောင်ထွန်းဝင်းမှ ၄င်းအား စခန်းမှူးက ရောင်းချခွင့်ပေးထားကြောင်း။
စခန်းမှူးကို တစ်လ တစ်သောင်းပေးပြီး ရောင်းချကြောင်းနှင့်
စခန်းမှူးကိုယ်တိုင် လာရောက် ပိတ်ပင်မှ အရက်ရောင်းချခြင်းနှင့်
ဖဲဝိုင်းများ ပြုလုပ်ခြင်းကို မလုပ်တော့ကြောင်း ပြောခဲ့သည်ဟု သိရှိရသည်။
“ဒီကိစ္စကို ရွာသားတွေက စခန်းကို သွားရောက်တိုင်ကြားကြတာ စခန်းမှူး
ဦးမြင့်ရွှေနှင့် မတွေ့ဘဲ ဂတ်စာရေးနှင့်သာတွေ့ ခဲ့ရပြီးတော့ ဂတ်စာရေးက
နောက်ထပ်တစ်ကြိမ်သွားပြီး မင်းတို့သွားတားကြ ဒါပေမယ့် ငါတို
့တားခိုင်းတယ်လို့ မပြောနဲ့ မရရင် နောက်တစ်ခေါက်ပြန်လာခဲ့ကြ" ဟု ပြောလိုက်ကြောင်း သွားရောက်တိုင်ကြားရာတွင် ပါဝင်သူ ပန်းထိန်ဆည်ရွာသားတစ်ဦးက ပြောပြသည်၊
နောက်ထပ်တစ်ကြိမ် အရက်မရောင်းရန် သွားရောက်ဟန့်တားသော်လည်း
ဦးမောင်ထွန်းဝင်းမှ စခန်းမှူးကိုယ်တိုင်လာရောက် ပိတ်ပင်မှ
မရောင်းတော့ကြောင်း ပြန်ပြောလိုက်သောကြောင့် ဆက်လက်ပြီးရွာသားများသည်
ရဲစခန်းအား ဒုတိယအကြိမ်သွားရောက် တိုင်ကြားရာ ဂတ်စာရေးမှ အရက်ကို
နိုင်ငံတော်က တရားဝင် ရောင်းချခွင့်ပေးထားကြောင်း မင်းတို့ပန်းထိန်ဆည်မှာမှ
ရောင်းတာမဟုတ်ဘူး ကျောက်ဖြူမှာလည်းရောင်းကြောင်း စခန်းမှူးင့် တွေ
့ချင်လျှင် နောက်တစ်ကြိမ်လာ ကြဟု ပြောလိုက်ကြောင်း
၎င်းတိုင်ကြားရာတွင်ပါဝင်သူက ဆက်ပြောကြားသည်။
မဒေးကျွန်းတွင် ပိုက်ဆံ တစ်သောင်းပေးနိုင်လျှင် အရက်၊ ဖဲနှင့် ပြည်တန်ဆာလုပ်ငန်းများကိုပါ လုပ်ကိုင်နိုင်ကြောင်းသိရှိရသည်။
|
No comments:
Post a Comment