ဧဒင်အချစ်ပုံပြင်: တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့်အမှုဖွင့်စစ်ဆေး

Monday, 23 July 2012

တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့်အမှုဖွင့်စစ်ဆေး


အမျိုးသမီးတစ်ဦးအားအဓမ္မပြုကျင့်သည်ဆိုသောစွပ်စွဲချက်ဖြင့် တပ်မတော်စစ်သည်လေးဦးကို သက်ဆိုင်ရာကအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဒလမြို့နယ် တုံးတင်ကန်မြောက်လယ်ကွင်းတွင် အသက် ၂၇နှစ်အရွယ် အိမ်ထောင်သည် မ --- သည် သမီးဖြစ်သူနှင့်အတူ ဇူလိုင် ၁၈ ရက် ည ၇ နာရီတွင် လယ်တဲဈေးဆိုင်သို့ဈေးဝယ်ပြီးပြန်လာစဉ်
ရခိုင်ချောင်ရေတပ်တိုက်လိုင်းခန်းအနီးအရောက် တပ်မတော်(ရေ)စစ်သည်လေးဦးကသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှသတင်းရရှိသည်။



ဖြစ်စဉ်မှာ မ --- (၂၇ နှစ်) နှင့်သမီးဖြစ်သူတို့သားအမိနှစ်ဦး ဈေးဝယ်ပြန်လာခဲ့ရာ တပ်မတော်ရေမှစစ်သည်လေးဦးက “ဟေ့ကောင်မ ခဏရပ်ဦး၊ နင့်ကို ငါတို့အရာရှိခေါ်နေတယ်၊ လိုက်ခဲ့” ဟုပြောကာ
လက်ဝဲလက်အားလက်ထိပ်ခတ်၍ခေါ်ဆောင်ကာ သမီးဖြစ်သူကိုနှင်ထုတ်ပြန်လွှတ်ခဲ့သည်။

တပ်လိုင်းခန်းသို့ခေါ်ဆောင်လာစဉ် လယ်ကန်သင်းတစ်ခုအရောက် တွန်းလှဲ၍ ၎င်းတို့လေးဦးက သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့ပြီးနောက် တပ်လိုင်းထဲရှိအခန်းထဲထည့်ထားပြီး
ည ၉ နာရီအချိန်၌ အထက်ပါလေးဦးက ထပ်မံ တစ်ကြိမ်စီအဓမ္မပြုကျင့်သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ထိုသို့ပြုကျင့်ပြီးနောက် စစ်သည်လေးဦးက နောက်ထပ်လာဦးမည်ဟုဆိုကာ အခန်းအတွင်းမှထွက်သွားစဉ် မ--- သည် အခန်းထဲရှိအုတ်ခဲဖြင့် သော့အားရိုက်ချိုးထွက်ပြေးရာ
၎င်းတို့လေးဦးကလိုက်လံဖမ်းဆီးပြီး ခြေလက်တို့အားကြိုးဖြင့်ချည်၍ တပ်လိုင်းခန်းသို့ပြန်လည်ခေါ်ဆောင်ကာ အဆိုပါလေးဦးထဲမှတစ်ဦးက သားမယားအဖြစ် တတိယအကြိမ်ပြုကျင့်ခဲ့သည်ဟုဆိုသည်။

ဇူလိုင်လ ၁၉ ရက်တွင်ကြိုးဖြေပေးခဲ့ကာ ထိုလေးဦး၏အထက်အရာရှိအား အမျိုးသမီးက ဖြစ်စဉ်ကိုတိုင်ကြားခဲ့သည်။ ထိုအရာရှိက သူမအားလိမ်သည်ဟုဆိုကာ အနီးရှိဝါးလုံးတုတ်ဖြင့်ရိုက်နှက်ပြန်သည်။
၎င်းအပြင် အဓမ္မပြုကျင့်ရာတွင်ပါဝင်သူတစ်ဦးက ဒူးဖြင့် မျက်နှာအားတိုက်ခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ကာ မ --- အား နေအိမ်တဲသို့ပြန်ပို့ခဲ့သည်။

ယင်းသို့ပြန်ပို့စဉ် နေအိမ်တဲအနီးရှိလူလေးဦးကတွေ့မြင်သိရှိကြောင်း၊ ၎င်းနောက် ဖြစ်စဉ်ကို တုံးတင်ကန်မြောက်ကျေးရွာအုပ်ချုပ်ရေးမှူးထံတိုင်ကြားခဲ့ပြီး ပျော်ဘွယ်ကြီးရဲစခန်းသို့လည်းတိုင်ကြားပြီးနောက်
မ --- သည် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသမှုခံယူခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းက(ပ)၁၆၂/ ၁၂၊ ပုဒ်မ-၃၇၆/၃၄၂/၃၂၅/ ၁၁၄ ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ်သိန်းမြင့်ဆွေ(စခမ)က
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှသတင်းရရှိသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းသို့ ဇူလိုင် ၂၃ ရက်တွင် 7Day News မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ရဲအုပ်သိန်းမြင့်ဆွေက စွပ်စွဲခံရသူများအား စစ်ဆေးဆောင်ရွက်နေသည်ဟု
ပြန်လည်ဖြေကြားသည်။

@ 7 Day News Journal

2 comments:

  1. အိုးးးးးးးးး လူစိတ်မရှိကျတဲ့ လူတွေ

    သေဒဏ်ပေးသင့်တယ်

    တော်တော်ဆိုးဝါးတဲ့ သတင်းပဲ

    ReplyDelete
  2. စာနာစိတ်မရှိတဲ့ သူတွေပဲ ... စိတ်ပျက်စရာကောင်းလိုက်တာ ... ဖတ်ရင်းနဲ့ကြက်သီးတွေတောင်ထပြီး ဒေါသတောင်ထွက်မိတယ် ... :)

    ReplyDelete

Related Posts Plugin for WordPress, Blogger...