ဧဒင်အချစ်ပုံပြင်: တာဝန်ချိန်ပြင်ပရှိ ရဲတစ်ဦး ကျူးကျော်သူအမှတ်နဲ့ ပစ်ခတ်သတ်ခဲ့သူဟာ သားဖြစ်နေခဲ့

Sunday 22 July 2012

တာဝန်ချိန်ပြင်ပရှိ ရဲတစ်ဦး ကျူးကျော်သူအမှတ်နဲ့ ပစ်ခတ်သတ်ခဲ့သူဟာ သားဖြစ်နေခဲ့

စနေနေ့မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ရှိ ရဲတစ်ဦးဟာ Clark Beach Motel မှာ အနားယူနေစဉ် ကျူးကျော်ဝင်ရောက်လာသူဟု ၎င်းက ယုံကြည်တဲ့အတွက် ပစ်ခတ်ခဲ့သူဟာ အသက်(၃၇)နှစ်အရွယ် ၎င်း၏သားဖြစ်နေခဲ့ပြီး သားဖြစ်သူဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖခင်ဖြစ်သူက ၎င်း၏ ဌာနမှ ထုတ်ပေးထားသော သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲ့ပြီးနောက် ဆေးရုံတက် ကုသနေရကြောင်လည်း သိရသည်။
ရဲများကမူ ထိုအခင်းဖြစ်စဉ်အား ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Source : Fox News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...