တစ်ချိန်က တီဗွီ ကြော်ငြာတွေ မှာ သူ့ရဲ့လှုပ်ရှားမှု မှန်သမျှကို ပရိ သတ်က
နှစ်သက် သဘောကျ ခဲ့ကြပါတယ်။ ရုပ်ရှင်တွေမှာ လည်း သူမ ပါဝင် သရုပ်ဆောင်
ထားတဲ့ ကား တွေက ဝင်ငွေစံချိန် ချိုးတဲ့ ဇာတ် ကားတွေ ပါဝင် ခဲ့ပါတယ်။ သရုပ်
ဆောင်ဖက်မှာ အကယ်ဒမီထူးချွန် ဆုကို ပိုင်ဆိုင်ခဲ့သလို သူမရဲ့
မိသားစုဘဝမှာလည်း ချစ်စရာ ကောင်းတဲ့ သမီးလေးနဲ့အတူ မိသားစုဘဝကို
ပျော်ရွှင်စွာဖြတ် သန်းနေပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး ကို8 DAYS ရဲ့ Cover Star
အဖြစ် ရွှေးချယ်ခဲ့ပါတယ်။
လတ်တလော လုပ်ဖြစ် နေတာတွေပြောပေးပါ။
ကြော်ငြာတွေပြန်ရိုက်ဖြစ် တာများပါတယ်။
မထက်က အရင်တုန်းက ဆို ကြော်ငြာတွေရဲ့ ဘုရင်မလို့ တောင်
တင်စားခံခဲ့ရတာ ဆိုတော့ ခု တစ်ဖန်ပြန်ပြီး အနုပညာ အလုပ် တွေ လုပ်တဲ့အခါ
ကိုယ့်အနေ အထားကို ဘယ်လောက်ထိ မှန်းထားပါလဲ။
ကြိုးစားရမှာတော့ ကိုယ့် တာဝန်ပဲလေနော်။ ဒါကတော့
ကိုယ့်ကိုချစ်နေသေးတယ်ဆိုရင် တော့ ချစ်နေသေးလို့ပေါ့။ အကယ် ၍
အချစ်တွေကပြောင်းသွားပြီဆို လို့ရှိရင်တော့ ကိုယ့်ရဲ့ကံတရားပဲ ပေါ့။
.ကိုယ်ကတစ်ချိန်က ကြော် ငြာတွေကို တောက်လျှောက်ရိုက်
လာခဲ့တဲ့သူဆိုတော့ ယနေ့ခေတ် ကြော်ငြာမော်ဒယ်လေးတွေကိုရော
ဘယ်လိုအကြံပေးစကားမျိုးပြောချင် လဲ။
.ကြိုးစားရမယ်။ စိတ်ရှည်ရ မယ်။ ပြီးတော့
ကိုယ့်ကိုယ်ကိုယ် လေ့လာရမယ်။ သူများကိုတော့ မပြောတတ်သလို ခုခေတ်မင်းသမီး
တွေကိုလည်း ထက်ထက်မဝေဖန် ချင်ပါဘူး။ လူဆိုတာ တစ်ယောက် နဲ့တစ်ယောက်
စိတ်ချင်းလည်းတူ ချင်မှတူမှာလေ။ ကိုယ့်ရဲ့ ကြိုးစားမှု နဲ့ သူတို့ရဲ့
ကြိုးစားမှု၊ ကိုယ့်ဘဝနဲ့ သူတို့ဘဝ၊ ကိုယ့်ရဲ့ ကံတရားနဲ့သူတို့ရဲ့
ကံတရားလည်း တူချင်မှ တူမှာလေ။ ကိုယ့်စိတ်တိုင်းကျ
ကိုယ့်ဘာသာကြိုးစားကြတာကောင်း ပါတယ်။
မထက်ရဲ့ အပြုံးကိုမြင်ရ တာနဲ့ ရင်ကိုကျေနပ်ကြည်နူးတဲ့ စိတ်ခံစားမှုမျိုးကိုရရှိစေတယ်လို့ ပြောကြတဲ့အပေါ် မထက်ဘယ်လို ခံစားရပါလဲ။
အင်း လူတစ်ယောက်က ကိုယ့်ရဲ့ စေတနာအတိုင်းရောင်ပြန် ဟပ်တယ်ထင်တာပဲ။
ကြော်ငြာတစ်ခုရိုက်ဖို့အ တွက် ဒါရိုက်တာရဲ့ ညွှန်ပြမှုနဲ့ မထက်ရဲ့ စိတ်ကူးဘယ်လိုညှိနှိုင်းယူ လဲ။
ဗ.မထက်က ဒါရိုက်တာ ခိုင်း တာကိုလည်းလုပ်ချင်တယ်။ သူတို့ ခိုင်းတဲ့
သူတို့အမြင်နဲ့လိုချင်တဲ့ပုံစံကို လည်းထက်ထက်လုပ်ပေးချင်သလို
ထက်ထက်စိတ်ထဲမှာလုပ်ချင်တဲ့ ပုံစံမျိုးကိုလည်းပေါင်းစပ်ပြီး လုပ် ချင်တယ်။
ဒါကြောင့်မို့လည်း ပရိ သတ်က ကြိုက်နှစ်သက်ကြတယ်လို့ထက်ထက်ထင်တယ်။
သမီးလေးမွေးပြီးနောက်ပိုင်း ခန္ဓာကိုယ်အလေးချိန်တက်လာတာ ကကိုယ့်ရဲ့ အလုပ်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါလား။
မွေးမွေးချင်းတုန်းကဖြစ် တယ်။ ဒါပေမဲ့ ဒီအနု ပညာအလုပ်ကို အသက်နှစ်ဆယ်
ကျော်တုန်းကလိုအားရပါးရကြီးမဖြစ် မနေလုပ်ချင်တယ်ဆိုတဲ့ စိတ်မျိုး
သိပ်မရှိတော့ဘူး။ ကလေးပေါ်မှာ အာရုံက ပိုများနေတယ်။ သမီးလေး ကိုတစ်နေ့တစ်နေ့
ထိန်းရတယ်ဆို တာ တခြားလူကိုင်တွယ်တာထက် ကိုယ့်ရဲ့ ကိုင်တွယ်မှုနဲ့
မတူသလိုပဲ ခံစားရတယ်။ ကိုယ်တိုင်ပဲ သူ့ကို ထမင်းကျွေးချင်သလို၊ ရေးချိုးပေး
ချင်တယ်။ ကိုယ်ပဲသိပ်ချင်တယ်။ အချိန်တိုင်း သူ့ကိုပဲကြည့်နေချင် တယ်။
အားတယ်လို့ကိုမရှိဘူး။ တစ်ခါတလေကျမှသာ ဪသာ် မနက်မိုးလင်းကတည်းက ခုအိပ်ချိန်
ထိမနားရသေးပါလားဆိုတာ တစ်ချက်တစ်ချက်မှ အသိစိတ်ပြန် ဝင်လာတယ်။
အဲဒီခါမှသာမော လိုက်တာဆိုပြီး ဖြစ်မိပေမယ့် ကိုယ့် သမီးလေးဆိုတော့
မောချိန်လည်း မရှိပါဘူး။ သူကငယ်သေးတော့ အရမ်းကို ဂရုစိုက်ရတဲ့အရွယ်လည်း
ဖြစ်နေတာကိုး။
သမီးလေးက မထက် အတွက် ဘယ်လိုစိတ်ခွန်အားမျိုး တွေဖြစ်ပေါ်စေလဲ။
သားသမီးဆိုတာ မိဘနဲ့ သွေးသားအရင်းတွေဆိုတော့ ထာဝရ အတူတူရှိသွားမယ်လို့ ယုံ ကြည်ပါမယ်။ သူမသေမချင်း ကိုယ်မသေမချင်းပေါ့။
သမီးလေးကိုရော မထက် လိုအောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်စေချင်လား။
သူ့ကိုကြည့်ရတာတော့ အနုပညာကို တအားဝါသနာပါတဲ့ ပုံပဲ သိလား။ သူက
သီချင်းသံကြား ရင် ချက်ချင်းထကတယ်။ အရမ်း ကို သွက်လက်တယ်။ အိမ်မှာလည်း
စန္ဒရားတွေလျှောက်တီး၊ သူ့အဖေ ဂစ်တာတီးရင်လည်း ပက်ထရမ်ကို အတင်းလုပြီးတီးတာ
သူက (၇)လ၊ (၈)လ အရွယ်ကတည်းက သီချင်း သံကြားရင်ကချင်တယ်။ မြူးနေတာ ဆိုတော့
ဒီအနုပညာကို ပိုပြီးစိတ် ဝင်စားနေတယ်လို့ ထင်ရတယ်။ မပြောတတ်သေးဘူးလေ။ ဆယ်
နှစ်ဆယ့်နှစ်နှစ်လောက်ဆို သူ့စိတ် တွေပြောင်းလဲချင်ပြောင်းလဲမှာပေါ့။
စာဘက်ကိုလည်း အားသန်ချင် သန်သွားမှာပေါ့။ ထက်ကတော့ သူ့ကို
ဆရာဝန်တစ်ယောက်ပဲဖြစ် စေချင်တယ်။ ကိုယ်သေသွားရင် တောင် သူ့တစ်ဘဝလုံး
သူ့ပညာ၊ သူ့အလုပ်နဲ့ ဘဝကိုအေးအေးချမ်း ချမ်းဖြတ်သန်းစေချင်တယ်။ သူက
ပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်စိတ်ချလက်ချထားခဲ့ နိုင်တယ်။
ပညာတတ်တစ်ယောက် ဆိုတာက ဘယ်သူ့ကိုမှလည်း အောက်ကျို့စရာမလိုဘူးလေ။
မထက်အရင်တုန်းက ဘာ သာရေးတွေတအားလုပ်ခဲ့တယ်နော်။ ခုချိန်မှာရော။
မထက်ခုလည်း ဘာသာ ရေးလုပ်နေပါတယ်။ ဘာသာရေးဆို တာ လုံးဝမေ့ထားလို့မရဘူး။
မမေ့ သင့်တဲ့အရာလို့လည်းမထက်ထင် တယ်။ အချိန်အားတိုင်း သဗ္မုဒ္ဓေ ရွတ်ဖြစ်တယ်။
သတိရတဲ့အချိန် တိုင်းစိတ်နဲ့ မေတ္တသုတ်ရွတ်တယ်။
စိတ်နဲ့ဘုရားရဲ့ဂုဏ်တော်တွေကို အမြဲရွတ်တတ်တဲ့အကျင့်ရှိတော့
ကိုယ်ကလွတ်တယ်လို့မထင်ဘူး။
ဘာသာရေးကိုခုလိုလုပ်ခြင်း အားဖြင့် ဘယ်လိုထူးခြားတဲ့ အတွေ့အကြုံတွေရှိလဲ။
ဘာသာရေးလုပ် တာဘာဖြစ်ရပါစေဆိုပြီး မျှော်လင့်
ချက်ကြီးနဲ့လုပ်တာမဟုတ်ဘူး။ ဒါပေမဲ့ အန္တရာယ်ကြီးကြီးမား မားဖြစ်စေမယ့်
အရာမျိုးတွေဆိုရင် တော့ ခုလိုဘာသာရေးလုပ်တဲ့ အတွက် သေးသေးလေးနဲ့ပြီးသွား
တယ်လို့တော့ယုံကြည်တယ်။ ဖြစ်ခဲ့ တဲ့ ပြဿနာတွေအားလုံးကလည်း ဘုရားရဲ့
ပဋ္ဌာန်းဂုဏ်တော်၊ တရားဂုဏ်တော်တွေကြောင့်ပဲ သက်သာလွတ်မြောက်စေခဲ့တယ်ဆို
တဲ့သာဓကတွေအများကြီးရှိခဲ့ပါ တယ်။
ဗုဒ္ဓဘာသာတစ်ယောက် အနေနဲ့ မေးသင့်တဲ့မေးခွန်းတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ မထက်နောင် ဘဝကိုသာဆုတောင်းလို့ ရမယ် ဆိုရင်
ဘယ်လိုဘဝမျိုးလိုချင်လဲ။
အေးချမ်းတဲ့ ဘဝလေးတစ် ခုပိုင်ဆိုင်ရတဲ့ မိသားစုလေးလိုချင် ပါတယ်။
မိသားစုစုံစုံလင်လင်နဲ့ မောင်နှမတွေချစ်ချစ်ခင်ခင်နေချင် ပါတယ်။
ခုလိုဘဝမျိုးမဟုတ်ဘဲနဲ့ ပေါ့။ ထက်ထက်မောင်နှမတွေနဲ့
မိသားစုဘဝကိုမရခဲ့ပေမယ့် ခုချိန် မှာ ထက်ထက်ခင်ပွန်း၊ သမီးလေးနဲ့
အေးချမ်းတဲ့ဘဝလေးပိုင်ဆိုင်ဖို့ ကြိုးစားပြီးနေနေပါတယ်။
အိမ်ထောင်ရှင်မထက်ထက် မိုးဦး ၊ နိုင်ငံကျော်အနုပညာရှင် ထက်ထက်မိုးဦးဆိုတဲ့ ရပ်တည်မှု နှစ်ခုမှာခံစားမှုတွေက ဘယ်လိုကွာ ခြားလဲ။
ခံစားမှုက ကွာခြားပါ တယ်။ ကိုယ်က မင်းသမီးဖြစ်နေ တော့ မင်းသမီးရဲ့
စိတ်တစ်ခုက ခံစားမှုတွေပြောမပြနိုင်လောက် အောင်အများကြီးပဲ။ ကိုယ်က
အလုပ်ကိုသွားရတော့မယ်ဆိုပြီး သမီးလေးကိုလည်းထမင်းကျွေးချင် သေးတယ်။
ကိုယ့်ယောကျာ်းကို လည်းထမင်းစားစေချင်တယ်။ သွား
ရမယ့်အချိန်ဟိုမှာကိုယ်ကြာနေရင်သူတို့ဗိုက်ဆာနေမလားမသိဘူး။ ကိုယ်က
အလုပ်တစ်ဖက်နဲ့ဆို ယောကျာ်းကိုစိတ်ပူလိုက် သမီးကို စိတ်ပူလိုက်ဖြစ်နေတာ။
အရင်က ကိုယ်ကတစ်ယောက်တည်းဆို ဆာမှစားမယ်။ မဆာရင်မစားဘူး။ ပူစရာမလိုဘူး။
ကိုယ်တစ်ယောက် တည်းတုန်းက အစားတစ်လုတ် အတွက် ကျော်ဖြတ်တာလွယ်လွယ် လေး၊
ခုကမိသားစုနဲ့ဆိုတော့ စိတ် ကအများကြီးပူရတယ်။
မထက်သရုပ်ဆောင်အလုပ် ပြန်လုပ်ဖို့ဆိုတော့ ဇာတ်ကားရိုက် ကူးမှုတွေကိုရော။
ကိုယ်ကတော့ ဒီအနုပညာ အလုပ်ကို အားကြိုးမာန်တက်
ပြန်လုပ်ဖို့ဆိုတာထက်ဒီအလုပ်မှ မလုပ်ရင်လည်း ထက်တခြား
စီးပွားရေးအလုပ်ကိုမလုပ်တတ်ဘူး။ စီးပွားရေးလောကကိုလည်း မကျွမ်း ကျင်ဘူး။
ဒီအလုပ်ထဲမှာပဲ ကိုယ် ကျန်းမာနေသရွေ့ ပရိသတ်လက်ခံ နေသရွေ့ ထက်ထက်က လုပ်ဖြစ်
နေဦးမယ်လို့ထင်တာပဲ။
ထက်ခုလို အနုပညာ အလုပ်တွေပြန်လုပ်တဲ့အခါ ကိုယ့်ရဲ့ အနုပညာအပေါင်းအသင်းရောင်း ရင်းတွေရဲ့ ကြိုဆိုမှုက
သိပ်တော့ မဆုံဖြစ်ကြသေး ဘူး။ ထက်ထက်ကြော်ငြာတွေပဲ ရိုက်တာများတယ်လေ။
ထက်ထက်အမြဲလက်ခံထား တဲ့ဆောင်ပုဒ်က
သူများက ထက်ထက်ကို ဘယ်လိုပဲတုံ့ပြန်ပါစေ။ ကိုယ့်ရဲ့ စိတ်ထဲမှာ
ဒီအလုပ်နဲ့ ပတ်သက် လာရင်အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့၊ ဘယ်သူ့ကိုမှလဲ
ပြိုင် စရာမလိုဘူး။ ကိုယ့်ကိုယ်ကိုယ်ပြိုင် ဖို့ ကိုယ့်ဘာသာကိုယ်ပဲ
သတိရှိနေ ဖို့ပဲလိုတယ်ဆိုတာကိုပဲ ကိုယ့်စိတ် ထဲမှာ ထားတယ်။
ခုမထက်ရဲ့ လက်ရှိဘဝ လေးကိုရော။
ထက်ထက်ခု လက်ရှိဘဝ လေးကိုအရမ်းပီတိဖြစ်ကျေနပ်ရပါ တယ်။ အရင်တုန်းကဆို
ကိုယ် အရမ်းကြိုးစားသလို ကိုယ့်ကိုအား လုံးမြှောက်စားကြတယ်။ အောင်
မြင်သင့်သလောက်အောင်မြင်ခဲ့ပြီး ပြီဆိုတော့ ခုချိန်မှာအေးချမ်းတဲ့
မိသားစုလေးရှိနေပြီဆိုတော့လည်း ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပီတိဖြစ်ရ ပါတယ်။
ကလောင် - မေသက်
No comments:
Post a Comment