
မိမိကိုယ်ကို ကောင်းအောင် စံနဲ့ညီ အောင်နေတတ်ဖို့အရေးကြီးပါတယ်။ အဲလိုပဲ ကိုယ့်တိုင်းပြည်ကြီးကိုလည်း ဘယ်လို ဖြောင့်ဖြောင့်တန်းတန်း သွား နိုင်မလဲဆိုတဲ့အပေါ်မှာ နိုင်သလောက် ကူညီဖို့လိုအပ်ပါတယ်။ အဲဒီအတွက် လည်း ပရဟိတစိတ်ရှိရမယ်။ တစ် ယောက်ကိုတစ်ယောက် ကူညီနိုင်တာ အကျိုးရှိသော အလုပ်များဖြင့် ကူညီ နိုင်ရမည်ဆိုတဲ့မူနဲ့ ကျွန်တော်လုပ်နေ ပါတယ်။
ရုပ်ရှင်အစည်းအရုံးကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် လူတိုင်းက အမြင်တွေ တူကြမှာ မဟုတ်ဘူးလေ။ ထိုင်လည်းမလုပ်နိုင်ဘဲနဲ့ ဘေးကနေ ထိုင်၊ ဘုပြောတာတော့ မကောင်းဘူး ပေါ့။
ဝေဖန်တာကိုတော့ လူတိုင်းခံ နိုင်ရမယ်။ ပရဟိတလုပ်ငန်းတွေ ကျွန် တော်တို့ အများကြီးလုပ်တဲ့အချိန်မှာ ပိုပြီး အရေထူရမယ်ဆိုတာ သိလာ တယ်။တချို့ဝေဖန်တာ သုံးသပ်တာက အပြုသဘောဆောင်ပြီး မှားမှာစိုး လို့ပြောပေမယ့် တချို့ကြတော့ လည်းကိုယ်လိုချင်တဲ့ပုံစံကိုပြောကြ တယ်။ ကျွန်တော်တို့ကတော့ အများရွေးကောက်တင်မြှောက် ထားတဲ့သူကိုခေါင်းဆောင်အဖြစ် လုပ်ကြတာပဲ။ အဲဒီအတွက် လို အပ်ရင်တိုက်ရိုက်လာရှင်းပါ။ မသိ ရင်မေးပါ။ ထင်ရာမြင်ရာတွေ လျှောက်ပြောလို့ရတဲ့ခေတ် မဟုတ် တော့ဘူး။နောက်ကွယ်မှာ အတင်း မပြောပါနဲ့။ တရားဝင်လာပြီး ဆွေးနွေးပါ။ တရားဝင်လာပြီး မေးမြန်းပါ။ အစည်းအဝေးကို ကိုယ်တိုင်တက်ပြီး ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပြောကြပါ" လို့ဆို သွားပါတယ်။
ဝါဝါကြည်
No comments:
Post a Comment