ရွှေဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းမှုနှင့် တရားရုံးသို့ရောက်ရှိလာသော သူခိုးတစ်ဦးအား တရားကြီးက မေးမြန်းလေသည်။
တရားသူကြီး = မောင်မင်း…ရွှေဆိုင်ကို တစ်ညတည်း သုံးကြိမ် ဖောက်ထွင်းခဲ့တာ
ဟုတ်ပါသလား။
သူခိုး = ဟုတ်ပါတယ်။
တရားသူကြီး = ဒါဆိုရင်…အဲဒီရွှေဆိုင်က ခိုးယူထားတဲ့ ရွှေထည်ပစ္စည်းတွေဘယ်မှာ
ထားလဲ။
သူခိုး = ရွှေထည်ပစ္စည်းတွေ မယူခဲ့ပါဘူး တရားသူကြီးခင်ဗျား။
တရားသူကြီး = ဒါဆို..ဘာပစ္စည်းယူခဲ့တာလဲ။
သူခိုး = စိန်နားကပ်တစ်ရံတည်းပါခင်ဗျာ။
တရားသူကြီး = မဖြစ်နိုင်ဘူး...မလိမ်နဲ့ မောင်မင်းတစ်ညတည်း သုံးကြိမ်တောင်
ဖောက်ထွင်းခဲ့တာမဟုတ်လား။
သူခိုး = ဟုတ်ပါတယ်…မိန်းမက စိန်နားကပ်ပုံစံမကြိုက်လို့ ဆိုင်ထဲ သုံးကြိမ်
ဝင်ပြီး လဲခဲ့ရလို့ပါ…။
တရားသူကြီး = “ဟေ”
အာကာဟိန်း ရေးသားသည်။
No comments:
Post a Comment