ကိုရီးယားနိုင်ငံ JM Motor ရန်ကုန်ရုံးခွဲတစ်ခုဖြစ်တဲ့ နဂါးပျံကုမ္ပဏီမှ
အထပ်မြင့်တိုက်တွေပေါ် မီးလောင်သောအခါ မီးငြိမ်းသတ်နိုင်ပြီး
မီးသတ်ကားဝင်ရန် ခက်ခဲတဲ့ နေရာ ၊ လမ်းများကို သယ်ဆောင်ပြီး
မီးငြိမ်းသတ်နိုင်တဲ့ မီးငြှိမ်းစက်ကို ဇူလိုင်လ(၃)ရက်နေ့က လက်တွေ့သရုပ်ပြ
မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
ထိုစက်ဟာ လိုအပ်တဲ့နေရာများ၌ အလျှင်အမြန် ရေပိုက်တွေချိတ်ဆက်ကာ
မီးငြိမ်းသတ်နိုင်ခြင်း ၊ ရေကိုလျှင်မြန်စွာစုပ်ယူပြီး အထပ်မြင့်များသို့
ရေစုပ်စက်အဖြစ် ရေတင်ပို့ပေးနိုင်ခြင်း ၊ အထပ်မြင့် (၅၄)ထပ်အထိကို
ရေရောက်ရှိ အသုံးပြုနိုင်ခြင်း ၊ ထိုစက်အား ဓါတ်ဆီတစ်ဂါလံထည့်ထားပါက
မိနစ်(၃၀)ခန့်အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
၁၉၉၈ခုနှစ်က ကိုရီးယားနိုင်ငံမှ စတင်ထုတ်လုပ်ခဲ့ပြီး မလေးရှား ၊ ထိုင်း
၊ ဆော်ဒီအာရေးဗျ အစရှိသော နိုင်ငံများ၌ အသုံးပြုနေသော ထိုမီးငြှိမ်းစက်ဟာ
အမေရိကန်ဒေါ်လာ နှစ်ထောင်မှ နှစ်ထောင့်ငါးရာအတွင်း ကျသင့်မှာဖြစ်ပြီး
စက်အရောင်းပြခန်းကို ဇူလိုင်လကုန်ပိုင်းမှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။
Source : MRTV4
No comments:
Post a Comment