Thursday, 26 July 2012
ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ
ကမ္ဘာနဲ့အ၀ှမ်း သန်းချီတဲ့ အသုံးပြုသူတွေ သုံးနေတဲ့ messenger တခုဖြစ်တဲ့ Gtalk ၀န်ဆောင်မှုတွေ ကမ္ဘာနဲ့အ၀ှမ်း ပြတ်တောက်မှု ဖြစ်နေပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၀ မိနစ်လောက်ကနေစပြီး Gtalk ကို သုံးမရတော့တာပါ။ ကိုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး ကိုယ့်ရဲ့ သူငယ်ချင်းတွေအားလုံးကို offline အနေနဲ့ပဲ မြင်ရပါတော့တယ်။ Offline message လည်း ပို့လို့ မရတော့ပါဘူး။
ဒါ့အပြင် Gmail, Google + စတာတွေကနေ ၀င်လို့ရတဲ့ Chat function တွေအားလုံးပါ ပြတ်နေတာ ဖြစ်ပါတယ်။
ဒီလိုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ UAE နဲ့ အင်္ဂလန်အပါအ၀င် နိုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ၀န်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk နဲ့ GmailChat တွေဟာ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ဆိုကြပါတယ်။
Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကို သူတို့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖို့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထုတ်ပြန်သွားပေးမယ်လို့ ရေးသားထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment