၂၂.၇.၂၀၁၂ရက်နေ့တွင်ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏
ခရီးစဉ်နှင့်ပက်သက်၍ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကွန်ယက်MWRN
အနေဖြင့် သဘောထားကြေငြာချက်အား ၂၃ . ၇ .၂၀၁၂ ရက်နေ့တွင်ထုတ်ပြန်ကြေငြာ
လိုက်ပါသည်။
ထိုင်းနိုင်ငံ၏ဖိတ်ခေါ်မှုဖြင့်ထိုင်းနိုင်ငံသို့ရောက်ရှိလာသောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန်နှင့်အဖွဲ့အား ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားမျာအခွင့်ရေးကွန်ယက်
M W R N နှင့်ရွှေ့ပြောင်းအလုပ်သမားများမှလှိုက်လဲဝမ်းသာစွာကြိုဆိုပါသည်။
ယ္ခုလက်ရှိထိုင်းနိုင်ငံအတွင်းရောက်ရှိ၍ အလုပ်အကိုင်များကိုရှာဖွေလုပ်ကိုင်နေကြရသော
မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားမျာအနေဖြင့် အမိနိုင်ငံ၏အလုပ်အကိုင်ရှားပါးမှုနှင့်စီးပွားရေး
အခတ်ခဲများကြောင့်သူတစ်ပါးနိုင်ငံမှာဖိနှိပ်မှုများကြားမှလာရောက်လုပ်ကိုင်နေရသည်ကိုလည်း
နားလည်သဘောပေါက်စေလိုပါသည်။
ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေသောရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်အများစုမှာ
ထိုင်းနိုင်ငံမှထုတ်ပြန်ထားရှိသောအလုပ်သမားအခွင့်ရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုများအပြည့်ဝ ရရှိမှုမရှိခြင်း
ထိုင်းအာဏာပိုင်အဖွဲ့စည်း တစ်ချို့၏ မတရားအနိုင်ကျင့်ခြင်း
ပွဲစားများ၏
လိမ်လည်မှု အနိုင်ကျင့်မှုများကိုလည်းအခက်ခဲအမျိုးမျိုးဖြင့်ခံစားရခြင်း။ယာယီနိင်ငံကူးလက်မှတ်များကိုပြုလုပ်ဆောင်ရွက်ပေးနေသော်လည်းလိမ်လည်မှုများနှင့်ကြုံတွေနေရပြီးခိုင်မာသည့်
ဥပဒေ၏ ကာကွယ်ဆောင့်ရှောက်မှုမရရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များအ
ဆမတန်ဈေးနှုံးများကြီးခြင်း
လူကုန်ကူးမှုအားအဓိကထားတိုက်ဖျက်နေပြီဆိုသော်လည်းတရားမဝင်ထိုင်းနိုင်ငံအတွင်းသို့ဝင်ရော
က်လာသူများတနေ့တခြားများပြားလာပြီးလူအခွင့်ရေး မကြာခဏချိုးဖေါက်ခြင်းများကြုံတွေ့ရင်ဆိုင်နေရသည်ကိုလည်းဥပဒေမဲ့စွာမြင်တွေ့နေရခြင်း၊အချို့သောမိသားစုဝင်များသည်
စီးပွားရေးအလွန်ချို့
တဲ့နွမ်းပါးလွန်းသောကြောင့်အသက်မပြည့်သေးသည့်ကလေးငယ်များပင်လူကြီးမျာနှင့်တန်းတူလုပ်ငန်းခွင်များတွင်လုပ်ကိုင်နေရခြင်း၊ကလေးသူငယ်များ၏ကျန်းမာရေးပညာရေးများထိခိုက်နစ်နာနေရခြင်းများက
ိုလည်းနေရာဒေသအတော်များများတွင်တွေ့ရှိနေရပါသည်။
အထက်ပါ ကိစ္စရပ်များကိုပြေလည်စေရန် မြန်မာနိုင်ငံမှလာရောက်အလုပ်လုပ်ကိုင်နေသော
ရွှေ့ပြောင်းအလုပ်သများ၏အခွင့်ရေးများဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မှုရရှိပြီး ဘဝရှင်သန်
တိုးတက်ရေးအတွက် ထိုင်းနိုင်ငံကိုရောက်ရှိနေသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီးနှင့်တာဝန်ရှိသူအဆင့်ဆင့်မှထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများမှအတူတကွအလေးနက်ထားဆွေးနွေးဆောင်ရွက်ပေးပါရန်ထိုင်းနိုင်ငံရောက်ရွှေပြောင်းအလုပ်သမားများကိုယ်စားရွှေ့ပြောင်းအလုပ်သမားများခွင့်ရေးကွန်ယက်MWRN
မှ သဘောထားကိုထုတ်ပြန်ကြေငြာအပ်ပါသည်။
စာအမှတ်။ ၁ / 2012
ရက်စွဲ ။ ၂၃ . ၇ .၂၀၁၂
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားမျာအခွင့်ရေးကွန်ယက်M W R N
No comments:
Post a Comment